Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ထွက်ပြေး
DVB
·
May 11, 2024
war 1152024
war 1 1152024

ထိုင်း-မြန်မာနယ်စပ်နားက ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ မေ ၁၀ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ  ဖော်ပြပါတယ်။ 

မနေ့ မွန်းလွဲ ၁နာရီလောက်က ဘုရားသုံးဆူမြို့မှာ  အမည်မသိလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဗုံးတွေအသုံးပြုခဲ့ကြကြောင်း ထိုင်းနယ်စပ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒေသခံတဦးရဲ့ ပြောကြားချက်အရ ဘုရားသုံးဆူမြို့က စစ်ကောင်စီတပ် အမှတ် ၂၈၄ မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့   ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။ 

ဒီတိုက်ပွဲကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဘုရားသုံးဆူမြို့ခံ ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ ခိုလှုံဖို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့နယ်ထဲ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ ထွက်ပြေးလာသူတွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးဖို့   ထိုင်းအာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

Photo-Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013