၂၀၀၆ ခုနှစ်တုန်းက အပြာမင်းသမီး စတုန်မီဒန်နီယယ်က အမေရိကန်သမ္မတဟောင်း ထရမ့်ပ်နဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ပ်ရဲ့ ရှေ့နေတွေက မေ ၉ ရက်မှာ စစ်မေးခဲ့ပါတယ်။
အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် သမ္မတဟောင်းတဦးကို ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုမှာ ရှေ့နေတွေဟာ ဒန်နီယယ်ရဲ့ စကားတွေ ရှေ့နောက်မညီဘူးဆိုတာမျိုး ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။
မေ ၈ ရက်မှာ ဒန်နီယယ်က သူနဲ့ ထရမ့်ပ်တို့ လိတ်ခ်တာဟို ဟိုတယ်မှာ ဆက်ဆံခဲ့ကြတဲ့ အကြောင်း ဂျူရီလူကြီးတွေရှေ့မှာ ထွက်ဆိုခဲ့ပါတယ်။
ဒီထွက်ဆိုချက်နဲ့ပတ်သက်ပြီး ဒန်နီယယ်ကို မေ ၉ ရက်မှာ ထရမ့်ပ်ရဲ့ ရှေ့နေဖြစ်သူ ဆူဆန်နီရှယ်လက်စ်က ပြန်လှန်စစ်မေးခဲ့တာ ဖြစ်ပါတယ်။
ဒန်နီယယ်ရဲ့ ထွက်ဆိုချက်အရ ဒီအမှုဟာ မှားယွင်းတဲ့ တရားစွဲဆိုစီရင်မှု ဖြစ်သွားတဲ့အတွက် ပယ်ဖျက်ပေးဖို့ ထရမ့်ပ်ရှေ့နေတွေက တရားသူကြီးကို တောင်းဆိုခဲ့ပါတယ်။
လိင်ဆက်ဆံခဲ့တဲ့ကိစ္စအတွက် နှုတ်ပိတ်ခပေးတဲ့အမှုအဖြစ် တရားစွဲဆိုရာကနေ ဒန်နီယယ်က ထရမ့်ပ် ကွန်ဒုံးမသုံးဘဲ ဆက်ဆံတာလို ကိစ္စတွေ အသေးစိတ်ထွက်ဆိုတဲ့အတွက် အမှုနဲ့ မဆိုင်တော့ဘဲ ဂျူရီလူကြီးတွေရဲ့ ထရမ့်ပ်အပေါ် အမြင်ပြောင်းလဲအောင် ကြိုးစားရာရောက်တဲ့အတွက် အမှုလမ်းချော်နေပြီလို့ ထရမ့်ပ်ရှေ့နေတွေက ထောက်ပြခဲ့ပါတယ်။
Source/Photo-Reuters