အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်ဆိုရင် လန်ဒန်မြို့လယ်မှာ အမိုးဖွင့်ကားနဲ့ ၃ နာရီကြာအောင်ပွဲခံဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
အာဆင်နယ်အသင်းဟာ လက်ကျန် ၂ ပွဲ အလိုမှာ မန်စီးတီးထက် တမှတ်အသာနဲ့ အဆင့်တစ်နေရာမှာရပ်တည်နေပေမဲ့ မန်စီးတီးက ၃ ပွဲကစားဖို့ကျန် သေးတာကြောင့် ချန်ပီယံဆုရဖို့ဆိုရင် မန်စီးတီးရဲ့ ရလဒ်အပေါ်မူတည်နေတာပါ။
ဒါပေမဲ့ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် အောင်ပွဲခံ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ရတာကြောင့် လမ်းပိတ်မှုအပါအဝင် တခြားလိုအပ်တဲ့အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားတာပါ။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံဖြစ်မယ်ဆိုရင် ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ အောင်ပွဲခံကားနဲ့အတူ လန်ဒန်မြို့လယ်မှာ လှည့်လည်အောင်ပွဲခံမယ်လို့ သိရပါတယ်။
အာဆင်နယ်နည်းပြ မီခေးလ်အာတေတာကတော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို လွဲချော်နိုင်ခြေရှိနေပါတယ်။
ပရီးမီးယားလိဂ် အသင်းနည်းပြတွေအနေနဲ့ ပွဲချိန်အတွင်းမှာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတာတွေပြုမူဆောင်ရွက်ခဲ့မယ်ဆိုရင် အဝါကတ် သို့မဟုတ် အနီကတ်ပြသ ခံရလေ့ရှိပါတယ်။
နည်းပြအာတီတာဟာ ဘုန်းမောက်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ် ၂၉ အထိ အဝါကတ် ၅ ကတ် ပြသခံထားရပါတယ်။
လာမယ့် မန်ယူအသင်းနဲ့ ကစားမယ့် ပွဲစဉ် ၃၇ မှာ အဝါကတ်ထပ်မံပြသခံရ မယ်ဆိုရင် အနီစပ်ဆုံးပွဲစဉ်တပွဲမှာ တာဝန်ယူကိုင်တွယ်ခွင့် ပိတ်ပင်ခံရမှာပါ။
အခုနှစ်ရာသီမှာ အသင်း နည်းပြတွေအနေနဲ့ အဝါကတ်သုံးကြိမ်ပြသခံရတိုင်း တပွဲ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတာဖြစ်ပြီး နည်းပြ အာတေတာဟာ အဝါကတ်သုံးကြိမ်ပြည့်ချိန်က ဗီလာနဲ့ပွဲကို လွဲချော်ခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အမှတ်ပေးချန်ပီယံဆုဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ လောက် ကြာမြင့်နေပြီဖြစ်လို့ အခုနှစ်မှာ ချန်ပီယံဖြစ်မယ်ဆိုရင် အကြီးအကျယ်အောင်ပွဲခံဖို့ ပြင် ဆင်ထားတာ ဖြစ်ပါတယ်။
Photo - Reuters