ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာကိုပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
မန်စီးတီးနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာကုန်ဆုံးမှာပါ။ ဒီအခြေအနေကို ဘိုင်ယန်မြူးနစ်အသင်းကစောင့်ကြည့်နေပြီး ဂွါဒီယိုလာကို ပြန်ခေါ်ဖို့ ပြင်ဆင်လာခဲ့တာပါ။
လက်ရှိ အသင်းနည်းပြ သောမတ်စ်တူဟယ်ကို ရာသီကုန်ဆုံးချိန်မှာထုတ်ပယ်သွားမှာဖြစ်ပြီး နည်းပြသစ် တဦးအမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဂျာမန်မီဒီယာ Kicker ကဖော်ပြပါတယ်။
စပိန်နည်းပြဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန်စူပါဖလားချန်ပီယံဆုဖလားတွေရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ဘိုင်ယန်နဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားမရယူနိုင်ခဲ့တာကြောင့် ကျရှုံးတဲ့ ဘောလုံး ရာသီဖြစ်တယ်လို့ယူဆကြောင်း မကြာခဏပြောခဲ့ဖူးပါတယ်။
Photo - Reuters