Home
မြန်မာသတင်း
ရန်ကုန်တွင် မိုးသက်လေပြင်းကျပြီး မိုးသီးကြွေကျ
DVB
·
May 9, 2024
Yangon RainSeeds 1_09052024
Yangon RainSeeds 2_09052024
Yangon RainSeeds 3_09052024

ရန်ကုန်မြို့မှာ မေလ ၉ ရက် ဒီနေ့ နေ့လယ်က  မိုးသက်လေပြင်းတွေကျပြီး မိုးသီးတွေပါ ကြွေကျတယ်လို့    ဒေသခံ ပြည်သူတွေထံက သိရပါတယ်။

ဒီနေ့ နေ့လယ် ၃ နာရီမထိုးခင်မှာ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ မိုးသက်လေပြင်း ကျရောက်တာ၊ မိုးခြိမ်းတာတွေဖြစ်ခဲ့ပြီး အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်‌တွေမှာတော့ ကျောက်စလစ်ခဲအရွယ် မိုးသီးတွေ ကြွေကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးက  “မိုးစစရွာတုန်းကတည်းက မိုးပေါက်တွေက ကြီးတယ်။ ငါးမိနစ်လောက်လည်းနေရော မိုးသီး အသေးလေးတွေ အရင်ကျပြီး ခဏရပ်တယ်။ နောက် ငါးမိနစ်လောက် ကြာတော့ ထပ်ပြီးကြွေကျသေးတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ အခုလို မိုးသီးကြွေတဲ့ဖြစ်စဉ်ဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ၁၀ နှစ်နေလို့ မိုးသီး တခါကြွေတဲ့ဖြစ်စဉ်မျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

ဒီလို မိုးသီးကြွေတဲ့ ဖြစ်စဉ်ကြောင့် လူထိခိုက်တာမျိုးမရှိပေမဲ့ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တချို့ အမိုးတွေ ပျက်စီးတာ၊ သစ်ပင်တွေ ပြိုလဲသွားတာတွေ ဖြစ်‌‌ပေါ်ခဲ့ကာ မွန်းလွဲ ၃ နာရီခွဲလောက်မှာ မိုးရွာတာ အားပျော့သွားတယ် လို့သိရပါတယ်။

မေ ၂ ရက်ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ  မိုးသီးကြွေ၊ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး နေအိမ်အဆောက်အဦတွေ  ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ဧပြီနဲ့ မေလတွေအတွင်းမှာ မိုးညှင်းမြို့နယ်၊ ပလက်ဝမြို့နယ်တွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တချို့မှာ မိုးသီးကြွေတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013