Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ လယောင်းမြို့တွင် ဓာတုပစ္စည်းစက်ရုံ မီးလောင်ပေါက်ကွဲ 
DVB
·
May 9, 2024
Thai LaYaung Explosion_09052024

ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ လယောင်းမြို့  မာတာဖုဒ်စက်မှုဇုန်ထဲမှာ မေ ၉ ရက် မနက်က ဓာတုပစ္စည်းစက်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

စက်မှုဇုန်ထဲမှာ မီးလောင်နေကြောင်း ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တိုင်ကြားချက်ရရှိပြီး မီးသတ်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်၊ အဆိုပါနေရာဟာ Map Ta Phut Tank Terminal Co Ltd ရဲ့ ဓာတုပစ္စည်းထုတ်စက်ရုံကဖြစ်ပြီး မီးခိုးလျှံတွေ စတင်ထွက်ပေါ်လာတဲ့ နေရာဟာ Pyrolysis Gasoline  ဓာတ်ငွေ့အရည်တွေဖြစ်တာကြောင့် မီးသတ်တပ်ဖွဲ့က ရိုးရိုးရေနဲ့  ပက်ဖျန်းလို့မရဘဲ အထူးဆေးရည်နဲ့ ခက်ခက်ခဲခဲ ငြှိမ်းသတ်နေကြတယ်လို့  လယောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ 

မွန်းတည့် ၁၂ နာရီလောက်မှာ မီးညွန့်ကျိုးသွားပြီး မိနစ် ၂၀ လောက်အကြာမှာ ဒုတိယအကြိမ် ပေါက်ကွဲသံနဲ့အတူ နောက်ထပ်မီးလုံးတွေ တက်လာတယ်၊ ဓာတ်ငွေ့ရည်တွေ ယိုစီးရာ လမ်းကြောင်းကနေ ထပ်မံလောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့်  ကနဦးမှာ ဒဏ်ရာရသူ ၄ ဦးရှိပြီး ၃ ဦးက သတိမေ့မျောနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

ဒဏ်ရာရသူတွေကို လယောင်း ရတ်နာ့ရာ့ချ်ဆူဒါဆေးရုံကို ပို့ဆောင်ထားတယ်၊ လေဟာ တောင်ဘက်ကနေ မြောက်ဘက်ကို တိုက်ခတ်နေတာကြောင့် မြောက်ပိုင်းရပ်ကွက်နေ ပြည်သူ တွေကို ဓာတုအခိုးအငွေ့အနံ့အသက်နဲ့ ကင်းလွတ်ရာ တိမ်းရှောင်ကြဖို့ သက်ဆိုင်ရာက လိုက်လံ ကြေညာနေတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြသွားပါတယ်။ 

မီးဟာ ဒီနေ့ညနေ ၃ နာရီကျော်ထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးပါဘူး။ 

Workpoint သတင်းမှာတော့  ဒုတိယအကြိမ် မီးလောင်မှုကြောင့်  လူ ၁ ဦး သေ ဆုံးသွားတယ်လို့  ဖော်ပြပါတယ်။ 

Source : ThaiPBS / Photo - Fire & Rescue Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013