အိုလံပစ်မီးရှူးတိုင်ဟာ တင်းကျပ်တဲ့လုံခြုံရေးတွေအောက်မှာ ပြင်သစ်မြေပေါ်ကို မေလ ၈ ရက်က စတင်ရောက်ရှိလာပါတယ်။
အိုလံပစ်မီးရှူးတိုင်ကို ဂရိနိုင်ငံကနေ ဂရိကုန်သည်တွေ တည်ထောင်ထားခဲ့တဲ့ ပြင်သစ်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ မာဆေးမြို့ဆီကို ၁၂ ရက်ကြာအောင် ဘယ်လမ်သင်္ဘောနဲ့ ရေလမ်းကြောင်းကနေ တင်ဆောင်ခဲ့တာပါ။
ဒီသင်္ဘောဟာ တချိန်က ပြင်သစ် ကိုလိုနီတွေဆီကနေ သကြားကို သယ်ယူပို့ဆောင်ခဲ့ ဖူးတဲ့ ၁၂၈ နှစ် သက်တမ်းရှိတဲ့ ရွက်တိုင် ၃ ခုပါတဲ့သင်္ဘော ဖြစ်ပါတယ်။
ဒီမီးရှူးတိုင်ကို ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ဆောင် ၂၀၁၂ အိုလံပစ် အမျိုးသား မီတာ ၅၀ အလွတ်ရေကူးချန်ပီယံဖလိုဟန်း မန်နူဒူက သယ်ဆောင်လာပြီး ၂၀၁၆ ရီယို အားကစားပွဲမှာ မီတာ ၄၀၀ ရွှေတံဆိပ်ရှင် နန်တန်းနင်း ကေးတာဆီ ပေးအပ်ခဲ့ပါတယ်။
သူကမှတဆင့် မာဆေးလ်မြို့ဖွား ရက်ပ်ပါဂျိုးကို အိုလံပစ်မီးတိုင်ကို လက်ဆင့်ကမ်းပေးခဲ့ကာ အဲဒီကမှ ခန့်မှန်းခြေ လူတသိန်းခွဲလောက်ရှိတဲ့ လူအုပ်ကြီးရှေ့မှာ အိုလံပစ် မီးအိုးကြီးကို မီးညှိပေးခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပြသပြီး အမွေအနှစ်တွေကို အရောင်တင်ပေးဖို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက မျှော်လင့်ထားတဲ့ နွေရာသီ အိုလံပစ် အားကစားပွဲတော် စတင်ကြောင်း သေနတ်ကိုလည်း ပစ်ဖောက်ခဲ့ပါတယ်။
Source/Photo - REUTERS/Denis Balibouse