Home
နိုင်ငံတကာ
၂၀၂၄ အာရှစီးပွားရေး ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု IMF ခန့်မှန်း
DVB
·
May 9, 2024
IMF_09052024

အာရှပစိဖိတ်ဒေသရဲ့ စီးပွားရေးတိုးတက်မှုဟာ ၂၀၂၃ နှောင်းပိုင်းမှာ မျှော်မှန်းထားတာထက် အားကောင်းပြီး ၅ ရာခိုင်နှုန်းအထိရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီရင်ခံစာက ဖော်ပြပါတယ်။

တနိုင်ငံနဲ့ တနိုင်ငံ အရှိန်မတူပေမဲ့ ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာပါတယ်။ တချို့နိုင်ငံတွေကတော့ စျေးနှုန်းမြင့်တက်မှု ဖိအားကို ရင်ဆိုင်နေရဆဲဖြစ်ပြီး တချို့တွေကတော့ ငွေတန်ဖိုးကျုံ့တဲ့ပြဿနာ ရင်ဆိုင်နေရပါတယ်။

၂၀၂၄ မှာ တိုးတက်မှု အနည်းငယ်ပြန်နှေးသွားနိုင်ပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

ကမ္ဘာတဝန်းမှာ ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးသွားမှာဖြစ်ပြီး ငွေကြေးဆိုင်ရာ မူဝါဒတွေ ဖြေလျှော့ပေးမှုကြောင့် စီးပွားရေးဟာ အကျသက်သာမယ်လို့ မှန်းပါတယ်။

တရုတ်နိုင်ငံက အိမ်ခြံမြေကဏ္ဍအကျပ်အတည်းရဲ့ နောက်ဆက်တွဲ အကြွင်းအကျန်တွေက အန္တရာယ်အလားအလာအဖြစ် ရှိနေသေးတယ်လို့လည်း IMF အစီရင်ခံစာက သုံးသပ်ထားပါတယ်။

Source/Photo - REUTERS/Yuri Gripas/File Photo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013