ပရီးမီးယားလိဂ်ဆီပြန်လာချင်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမက်စ်တူချယ်က ဝန်ခံပြောသွားပါတယ်။
တူချယ်ဟာ လက်ရှိအချိန်မှာ ဘိုင်ယန်အသင်းကို တာဝန်ယူနေပေမဲ့ ရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာပါ။
တူချယ်ကိုခေါ်ယူဖို့ မန်ယူအသင်းက ချိတ်ဆက်နေကြောင်း သတင်းထွက်ပေါ်နေချိန်မှာ ပရီးမီးယားလိဂ်ဆီပြန်လာချင်ကြောင်း တူချယ်က ဝန်ခံခဲ့တာပါ။
အသင်းဟောင်း ချဲလ်ဆီးအသင်းအပေါ် သံယောဇဉ်ရှိမှုနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်အပေါ် နှစ်သက်သဘောကျတာကြောင့် အနာဂတ်မှာ ပြန်လာချင်တဲ့အကြောင်း အရိပ်အမြွက်ပြော သွားခဲ့တာပါ။
အသက် ၅၀ အရွယ် ဂျာမန်နည်းပြဟာ ချဲလ်ဆီးအသင်းကိုကိုင်တွယ်စဉ်က ဥရောပ ချန်ပီယံလိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး မန်ယူနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးနည်းပြလည်း ဖြစ်နေပါတယ်။
တူချယ်လက်ရှိကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူနစ်အသင်းဟာ ပြီးခဲ့တဲ့ရက်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။
Photo - Reuters