Home
နိုင်ငံတကာ
Titanic နှင့် Lord of the Rings သရုပ်ဆောင် ဘားနာ့ဒ်ဟေးလ် ကွယ်လွန်
DVB
·
May 6, 2024
BernardHill_06052024

Titanic ဇာတ်ကားထဲမှာ သင်္ဘောကက်ပတိန်ကြီး အက်ဒ်ဝါ့ဒ် စမစ်၊ Lord of the Rings ဇာတ်ကားတွေထဲမှာ ဘုရင်ကြီး သီအိုဒွန် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဘားနာ့ဒ်ဟေးလ်ဟာ အသက် ၇၉ နှစ်အရွယ်၊ မေ ၅ ရက် မနက်ပိုင်းက ကွယ်လွန်သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က မွေးဖွားခဲ့တဲ့ ဟေးလ်ဟာ အင်္ဂလန်ပြည်၊ မန်ချက်စတာမှာ ကြီးပြင်းခဲ့ပါတယ်။

၁၉၇၀ မှာ ပြဇာတ်ဒီပလိုမာရရှိခဲ့ပြီး ၁၉၈၀ မှာမှ Boys From the Blackstuff ဇာတ်ကားမှာ အဓိကသရုပ်ဆောင်နေရာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ရှည်လျားတဲ့ သူ့ရဲ့ သရုပ်ဆောင်သက်တမ်းမှာ ဗြိတိန်ရုပ်သံစီးရီး အများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဘက်ဖ်တာ ဆုပေးပွဲမှာ အကောင်းဆုံးဒရာမာစီးရီးဆု ရခဲ့တဲ့ Wolf Hall ရုပ်သံဇာတ်လမ်း အပါအဝင် I, Claudius၊ “Crown Court” နဲ့ “Jackanory” စီးရီးတွေမှာ ပါဝင်ခဲ့ပါတယ်။

A Midsummer Night’s Dream” (1999)၊  “The Scorpion King” (2002)၊ “Valkyrie” (2008) နဲ့ “ParaNorman” (2012) ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း လူသိများခဲ့သူ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးသည် မာရီယာနာနဲ့ သားဖြစ်သူ ဂေဘရီယယ်ဟေးလ်တို့ ကျန်ရစ်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013