Home
နိုင်ငံတကာ
အယ်လ်ဂျာဇီးယားသတင်းဌာနရုံးခန်းကို အစ္စရေးက ဝင်ရောက်စီးနင်းပြီး လုပ်ငန်းပိတ်သိမ်း
DVB
·
May 6, 2024
Aljazeer_06052024

အယ်လ်ဂျာဇီးယားသတင်းဌာနက သုံးနေတဲ့ ဂျေရုဆလင်မြို့ရှိ ဟိုတယ်အခန်းကို အစ္စရေးအာဏာပိုင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးအရာရှိနဲ့ အယ်လ်ဂျာဇီးရား သတင်းရင်းမြစ်တို့က ပြောပါတယ်။

ကာတာပိုင် အယ်လ်ဂျားဇီးယား ရုပ်မြင်သံကြားဌာနရဲ့ ဒေသဆိုင်ရာ လုပ်ငန်းတွေကို မေ ၅ ရက်မှာ အစ္စရေးအစိုးရက ပိတ်ပစ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်အခုလို လုပ်ဆောင်ခဲ့တာပါ။ 

အရပ်ဝတ်အရာရှိတွေက အရှေ့ဂျေရုဆလင်မှာရှိတဲ့ ဟိုတယ်ထဲက ကင်မရာနဲ့ ပစ္စည်းတွေ ယူသွားတာကို ရိုက်တာသတင်းဌာနက ရထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ဒီသတင်းဌာနက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောရင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရအဖွဲ့က ဂါဇာမှာ စစ်ပွဲတွေ ဆက်ဖြစ်နေသရွေ့ အယ်လ်ဂျားဇီးယား သတင်းကွန်ရက်ကို ပိတ်ပစ်ခဲ့တာပါ။

ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုတခုဖြစ်ပြီး သတင်းကွန်ရက်က အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အယ်လ်ဂျာဇီးယား သတင်းထောက်တွေကို အန္တရာယ်ဖြစ်စေတဲ့ ရယ်စရာကောင်းတဲ့ လိမ်ညာမှု ပဲလို့ အယ်လ်ဂျားဇီးယားက ပြောပါတယ်။

တရားရေးခြေလှမ်းတိုင်းကို ရအောင် အားထုတ်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားတယ်လို့လည်း အယ်လ်ဂျားဇီးယားက ပြောပါတယ်။

အစ္စရေးဂြိုဟ်တုနဲ့ ကေဘယ်လ် ရုပ်မြင်သံကြား ပံ့ပိုးသူတွေကလည်း အယ်လ်ဂျာဇီးယား သတင်းထုတ်လွှင့်မှုတွေကို အစိုးရရဲ့  ဆုံးဖြတ်ချက်အတိုင်း ရပ်ဆိုင်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း အယ်လ်ဂျာဇီးယား သတင်းဌာန ရုံးခန်းကို ပိတ်ပစ်တာကို ဝေဖန်ခဲ့ပါတယ်။

ဥပဒေအရ နေတန်ယာဟုနဲ့ လုံခြုံရေး အစိုးရတို့ဟာ အစ္စရေးနိုင်ငံထဲက အယ်လ်ဂျာဇီးယား ရုံးတွေကို ၄၅ ရက် ပိတ်ထားဖို့ ခွင့်ပြုထားပါတယ်။

သက်တမ်းတိုးနိုင်ပြီး ဂါဇာမှာ အကြီးစားစစ်ဆင်ရေးတွေ အဆုံးသတ်တဲ့အထိ ဒါမှမဟုတ် ဇူလိုင်လကုန်ထိ အသက်ဝင်နေနိုင်တယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013