Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီး ၁၉ ဦးကို နေရာပြောင်းရွှေ့
DVB
·
May 4, 2024
bolder 452024

အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်မှူးကြီး ၁၉ ဦးကို မေ ၃ ရက်မှာ နေရာပြောင်းရွှေ့ခဲ့တယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ရေးအရနဲ့ တိုက်ပွဲအနေအထားအရ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၇ ဦး၊ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှ ဗိုလ်မှူးကြီး ၆ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦးနဲ့ ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး ၅ ဦးတို့ကို နေရာပြောင်းရွှေ့ခဲ့တာလို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အချို့က တပ်မချင်း ချိန်းတာရှိသလို စကခမှူးတွေကို တိုင်းစစ်ဌာနချုပ်မှာ တာဝန်ပေးတာလည်းရှိတယ်။ တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးတွေကို စကခမှူးနေရာတွေ ပို့တာလည်း ရှိတယ်၊ စစ်ရေးအရ လုပ်တောင်ရတာပါ။” 

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်မင်းလတ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးမင်းထွေးတို့ ၂ ဦးအား ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့သလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က  ဗိုလ်မှူးကြီး အောင်မျိုးသက်အား အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေခဲ့ပါတယ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးနေလင်းထွဋ်အား တောင်ကြီးအခြေစိုက်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အေးမင်းဇော်အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေခဲ့ပါတယ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်နိုင်သူအား ကလောအခြေစိုက်  အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်နဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်ထက်နိုင်အား ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တွေဖြစ်တဲ့ ကျောက်မဲအခြေစိုက် အမှတ် ၁ စကခမှူး ဗိုလ်မှူးကြီး အောင်စည်သူအား မိုင်းဖြတ်အခြေစိုက် စကခ ၁၈နဲ့ စကခ ၁၈ မှ ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်အား စကခ ၁ ကို ပြောင်းရွှေ့ခဲ့ပါတယ်။

စကခ ၈ မှ စကခမှူးဗိုလ်မှူးကြီး သန့်ဇင်ကျော်အား ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ ဒုစကခမှူး ဒုဗိုလ်မှူးကြီး နေဝင်းထွန်းအား အရှေမြောက်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

မော်လိုက်အခြေစိုက် စကခ ၁၀ မှ စကခမှူး ဗိုလ်မှူးကြီးအောင်ဇော်မြင့်အား မိုင်းပန်အခြေစိုက် စကခ ၁၇ နဲ့ စကခ ၁၇ မှ စကခမှူး ဗိုလ်မှူးကြီး စိုးသီဟကျော်အား စကခ ၁၀ ကို ပြောင်းရွေ့ခဲ့ပါတယ်။

ဒါ့အပြင် ဘူးသီးတောင်အခြေစိုက် စကခ ၁၅ မှ စခကမှူး ဗိုလ်မှူးကြီးအေးမောင်မောင်အား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောင်းရွှေ့တာဝန်ပေးခဲ့ပါတယ်။

ခြေမြန်တပ်မဌာနချုပ်တွေဖြစ်တဲ့ တပ်မ ၃၃ က တပ်မမှူး ဗိုလ်မှူးကြီး တင့်နိုင်ဝင်းအား မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးကြီးတင်နိုင်ဦးအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အလားတူပင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးကြီးရဲခိုင်အား မိတ္တီလာအခြေစိုက် တပ်မ ၉၉ နဲ့ တပ် မ ၉၉ က တပ်မမှူး ဗိုလ်မှူးကြီးလှမျိုးအား ပဲခူးအခြေစိုက် တပ်မ ၇၇ ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013