Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၈ ခုတွင် ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်‌ရောက်ဖြေဆိုသူမရှိ
DVB
·
May 4, 2024
edu 452024

ဒုတိယအကြိမ်ပြုလုပ်နေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ တိုင်းနဲ့ပြည်နယ် ၈ ခုက ကျောင်းသားကျောင်းသူတွေ လုံးဝဝင်ရောက်ဖြေဆိုတာမရှိဘူးလို့ သိရပါတယ်။

အဆိုပါ တိုင်းနဲ့ပြည်နယ် ၈ ခုကတော့ မကွေးတိုင်း၊ ကယား၊ ကရင်၊ တနင်္သာရီ၊ မွန်၊ ရှမ်း (အရှေ့)၊ ပဲခူး (အနောက်) နဲ့ ဧရာဝတီတိုင်းတို့ဖြစ်ပြီး နေပြည်တော်နဲ့ ပဲခူး(အရှေ့) မှာဆိုရင်လည်း ဖြေဆိုသူ ၃ ဦးစီသာ ရှိတယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒုတိယအကြိမ်ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းနဲ့ပြည်နယ် ၁၈ ခုမှာ ကျင်းပနေတာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၅၀၀ ကျော်စာရင်းပေးသွင်းခဲ့ပြီး သင်္ချာဘာသာရပ်နေ့အထိ ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ကတော့ ၂၇၀ ကျော်ရှိကာ ပျက်ကွက်သူက ၂၅၀ ကျော်တယ်လို့ အဲ့ဒီပညာရေးဌာနရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါစာမေးပွဲမှာ ရခိုင်ပြည်နယ်က စာရင်းပေးပြီး ဖြေတဲ့အရေအတွက်က ၃၀၀ ကျော်အထိ ရှိပြီး အမှန်တကယ်ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ဟာ ၁၂၉ ဦးရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်း ၅၁ ဦးစာရင်းပေးပြီး ၄၆ ဦး၊ မန္တလေးမှာ ၆၄ ဦးစာရင်းပေးပြီး ၄၁ ဦးသာ ဝင်ဖြေနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာဆိုရင်လည်း ‌၄၉ ဦးစာရင်းပေးပြီး ၃၄ ဦးဝင်ရောက်ဖြေဆိုနေပြီး နေပြည်တော် ကောင်စီနယ်မြေမှာတော့ ဖြေဆိုသူ ၃ ဦးသာ ရှိတယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မတ်လက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၄၀,၀၀၀ ကျော်လောက် စာရင်းပေးခဲ့ပြီး ၁၂၀,၀၀၀ လောက်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024