ဘောလုံးကလောင်ရှင်အဖွဲ့အစည်းက ချီးမြှင့်တဲ့ တနှစ်တာ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဖီးလ်ဖိုဒမ်က ရရှိသွားပါတယ်။
ဖိုဒမ်ဟာ အခုနှစ်ဘောလုံးရာသီပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၄ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူပါ။
ဘောလုံးကလောင်ရှင်တွေက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးအတွက် ကစားသမား ၁၈ ဦး ကို ပဏာမရွေးချယ်ပြီး မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။
ဖိုဒမ်က မဲအများဆုံးနဲ့ အကောင်းဆုံးဆုရရှိခဲ့ပြီး အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ဒုတိယ၊ မန်စီးတီးကွင်းလယ်လူ ရိုဒရီက တတိယနေရာမှာ ရပ်တည်ပါတယ်။
အဲဒီနောက် အာဆင်နယ်က အိုဒီဂတ်၊ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်နဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ပါလ်မာတို့က ထိပ်ဆုံး ၆ ဦးစာရင်းမှာ ရပ်တည်ပါတယ်။
ဗန်ဒိုက်၊ ဆာလာ၊ ဆာကာ၊ ဂွီမာရေးစ်၊ ဖာနန်ဒက်စ်၊ ဆွန်ဟောင်မင်တို့ အပါအဝင် မန်ယူနောက်ခံလူ ဒါလော့၊ လူတန်တောင်းက ဘာကလေ၊ ဗီလာကွင်းလယ်လူ မတ်ဂင်း တို့ဟာလည်း စကားတင် ၁၈ ဦးစာရင်းမှာ ပါဝင်ပါတယ်။
အမျိုးသမီး တနှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း မန်စီးတီး အမျိုးသမီးအသင်းကြယ်ပွင့် ဘန်နီရှောက ရရှိခဲ့ပါတယ်။
Photo-Reuters