Home
မြန်မာသတင်း
မြင်းခြံမြို့နယ်အတွင်း လူနေအိမ်ပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
May 3, 2024
myin 352024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့တဲ့ ဧပြီလအတွင်း ပြည်သူလူထု နေအိမ်ပေါင်း ၃၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြင်းခြံနယ်မြို့နယ်ရှိ  ကိုင်း၊ ဂင်ဂဲ၊ ရနပိုရ်၊ ညောင်တို၊ သိမ်းကျောင်းနဲ့ ဥရိယကျေးရွာတွေက အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့ ပြည်သူတွေလှုပ်ရှားတဲ့ ကျေးရွာတွေလို့ စစ်ကောင်စီတပ်ကယူဆထားတဲ့ အဆိုပါကျေးရွာ ၆ ရွာကို ဧပြီလ တတိယအပတ်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့တာလို့ဆို ပါတယ်။ 

ဒေသခံရွာသားတဦးက “သိမ်းကျောင်းရွာမှာမီးရှို့တယ်၊ ကိုင်းရွာက ငါးဆယ်၊ ခြောက်ဆယ် လောက်ပါသွားတာပေါ့။ ဂင်ဂဲမှာက ဆယ့်လေးအိမ်လောက်ပါသွားတယ်။ ရနပိုရ်က လေးငါး အိမ်၊ ဥရိယကလည်း လေးငါးဆယ်အိမ်လောက်ပါသွားတယ်။ အားလုံးအိမ်ခြေ သုံးရာကျော် လေးရာ လောက် ရှိမယ်” လို့ပြောပါတယ်။

ပြည်သူလူထုအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့နဲ့ ပူးပေါင်းကာ ဆီမီးခုံ၊ အနိမ့်နဲ့ တလုပ်မြို့တို့မှာ အင်အားတိုးချဲ့နေပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေပါတယ်။

ဒေသခံရွာသားတဦးက “ဆီမီးခုံမှာ အင်အား ၂၀၀ ကျော်လောက်ရှိတာကို အနောက်ဘက် မြောက်နယ် စလုံးမင်းတန်းဘက်ကို တကြောင်းထိုးသွားတယ်။  ဆီမီးခုံမှာ ၁၀၀ ကျော်ကျန်တယ်။ နောက်ပြီးတော့ အနိမ့်နဲ့ တလုပ်မှာလည်း အင်အား ၁၀၀ ကျော်လောက်ရှိတယ်”လို့ ပြောပါတယ်။

အိမ်မီးရှို့ခံရတဲ့မိသားစုတွေနဲ့ ကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး နေအိမ်မီးရှို့ခံရသူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံထံက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013