ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ မေ ၂ ရက် နေ့လယ်ပိုင်းက မိုးသီးကြွေ၊ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး နေအိမ်အဆောက်အဦတွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးသီးတွေ ကြွေကျပြီး မိုးသက်လေပြင်းတွေ ကျရောက်ခဲ့တဲ့အတွက် ပင်းဟဲကျေးရွာက နေအိမ် အဆောက်အဦး ၁၀၀ နီးပါး ပျက်စီးသွားခဲပြီး အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “နေလယ် ၂ နာရီလောက်က လေပြင်းစတိုက်တာ။ ရွာထဲကအိမ်တွေ အမိုးတွေလန်ကုန်တယ်။ နေအိမ်အဆောက်အဦးအချို့ ပြိုတယ်။ လမ်းမီးတိုင်တွေလည်း လဲကုန်တယ်။ သစ်ပင်တွေလည်း လဲတယ်။ ရွာထဲက နေအိမ်အလုံး ၁၀၀ နီးပါးလောက်ကတော့ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
ပင်းဟဲကျေးရွာအတွင်း မိုးသက်လေပြင်းတိုက်ခိုက်လို့ နေအိမ် ၁၀၀ နီးပါး ပျက်စီးခဲ့တဲ့အပြင် မိုးသီးထိမှန်ခြင်းကြောင့် အိမ်မွေးတိရစ္ဆာန်တချို့ လည်း သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က မိုးသက်လေပြင်း ကျရောက်ပြီး သစ်ပင်တွေလဲပြိုကျ၊ အဆောက်အဦးတွေပျက်စီး၊ လမ်းမီးတိုင်ကြိုးတွေ ပြတ်တောက်ခဲ့ပါတယ်။
photo -cj