ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျေဒန်ဆန်ချိုအတွက် ဝမ်းမြောက်မိကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီဝက်ကာလအပြောင်းအရွှေ့မှာ အသင်းဟောင်းဒေါ့မွန်အသင်းဆီ အငှားထွက်ကစားခဲ့သူပါ။
ဆန်ချိုဟာ နည်းပြတန်ဟတ်ဂ်နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် အသင်းပြောင်းရွှေ့ခဲ့ရပြီး မန်ယူအသင်းမှာရှိစဉ်ကလည်း အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။
ဒေါ့မွန်အသင်းမှာ ဆန်ချိုခြေစွမ်းပြနေတဲ့အပေါ် ဝမ်းမြောက်မိပြီး အနာဂတ်နဲ့ ပတ်သက်လို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းအနေနဲ့ ရာသီကုန်ဆုံးချိန်မှာ ဆန်ချိုကို ပြန်လည်ခေါ်ယူပြီး အသင်းအတွက် ပြန်လည်အသုံးပြုလိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
Photo-Reuters