Home
မြန်မာသတင်း
မြင်းခြံတွင် ဆိုင်ကယ်ဆီထည့်ရာမှ မီးလောင်သဖြင့် နေအိမ် ၁၀ လုံး ဆုံးရှုံး
DVB
·
May 2, 2024
FIRE_02052025
FIRE1_02052025
FIRE2_02052025

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဒီကနေ့ မေ ၂ ရက်၊ မွန်းတည့် ၁၂ ၀န်းကျင်က ဆိုင်ကယ်ဆီထည့်ရင်း မီးကူးစက်တာကြောင့် နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံမြို့ခံတဦးက “မြို့ပေါ်က ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၆ အစပ်မှာ ဆိုင်ကယ်ဆီထည့်ရင်း အပူလွန်ကဲပြီးလောင်တာတဲ့။ အိမ် ၁၀ လုံးလောက် မီးလောင်သွားတယ်´´ လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မြင်းခြံမြို့နယ်မီးသတ်နဲ့ မြို့နယ်အရန်မီးသတ်က မီးသတ်မော်တော်ယာဥ်တွေအပါအ၀င် ဒေသခံပြည်သူတွေ ဝိုင်း၀န်းငြိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အခု မီးလောင်မှုက မိနစ် ၃၀ လောက်ကြာမြင့်ခဲ့ပါတယ်။ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲပါဗျ။ ဒီမြို့နယ်မှာ တပတ်အတွင်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားခဲ့တာဆိုတော့ မိဘပြည်သူတွေအနေနဲ့ မီးအန္တရာယ်ကို အထူးသတိထားကြပါလို့ ပြောချင်ပါတယ်” လို့ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ တာ၀န်ရှိသူက DVB ကို ပြောပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာ အပူချိန်မြင့်တက်နေတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်တွေမှာ မီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အပူချိန်လွန်ကဲတဲ့အတွက် မန္တလေးနဲ့ မကွေးမြို့နယ်တွေမှာ လူသေဆုံးရတာအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013