Home
မြန်မာသတင်း
ဖြူးတွင် ရထားသံလမ်း မိုင်းခွဲခံရပြီး ကုန်ရထားတိမ်းမှောက်၊ ရထားခရီးစဉ် ဖျက်သိမ်း
DVB
·
May 2, 2024
TRAIN2_02052024
TRAIN1_02052024-1
TRAIN1_02052024

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ မေ ၁ ရက်က ရထားသံလမ်း မိုင်းခွဲခံရပြီး ကုန်ရထားတစင်း လမ်းချော်တိမ်းမှောက်ခဲ့တာကြောင့် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းခဲ့ကြောင်း မြန်မာ့မီးရထား(ရန်ကုန်)ရုံးက သိရပါတယ်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းဘူတာက ထွက်လာတဲ့ ကုန်တင်ရထားတစင်း မနေ့မနက် ၅ နာရီကျော်က ကညွတ်ကွင်းဘူတာနဲ့ ညောင်ပင်သာဘူတာကြား ဖြတ်သန်းစဉ် ရထားလမ်း မိုင်းခွဲခံထားရပြီး လမ်းချော်တိမ်းမှောက်ခဲ့​တယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရထားလမ်းက ကုန်ရထားမလာခင်တည်းက မိုင်းခွဲခံထားရတာ။ ရထားဖြတ်သန်းသွားချိန် လမ်းတွေက ကျိုးပဲ့ထားတော့ အခုလို လမ်းချော်ပြီး တိမ်းမှောက်တာပါ။”

ရထားသံလမ်း မိုင်းခွဲခံရမှုကြောင့် သံလမ်းပေါ်ရှိ ကွန်ကရစ်ဇလီဖားတုံး ၄၂ တုံး၊ သံလမ်းပေ ၁၁၀ ခန့် ပျက်စီးခဲ့ကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့တာကြောင့် ခရီးသည်တွေအနေနဲ့ လမ်းခရီး နှောင့်နှေးကြန့်ကြာမှု အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရ​တယ်လို့ ရထားစီးခရီးသည်တွေဆီက သိရပါတယ်။

ရထားသံလမ်းကို ဘယ်အဖွဲ့က မိုင်းခွဲခဲ့တယ်ဆိုတာ မသိရသေးဘဲ ရထားလမ်းပိုင်း ပျက်စီးမှုကြောင့် ရန်ကုန်က ထွက်ခွာလာပြီး ခရီးသည် ၂၈၈ ဦး လိုက်ပါလာတဲ့ အမှတ် ၁၁ အဆန် လူစီးအမြန်ရထားမှာ ကျောက်တန်းဘူတာကို ရောက်ရှိပြီးနောက် ရန်ကုန်ဘက်ကိုလည်းကောင်း၊ မန္တလေးက ထွက်ခွာလာပြီး ခရီးသည် ၁၇၄ ဦး လိုက်ပါလာတဲ့ အမှတ် ၁၂ အစုန် လူစီးအမြန်ရထားမှာ မြစ်သားကို ရောက်ရှိပြီးနောက် မန္တလေးဘက်ကိုလည်းကောင်း ပြန်လည်ထွက်ခွာခဲ့ရကာ ခရီးစဉ်ကို ယာယီဖျက်သိမ်းခဲ့ကြောင်း မြန်မာ့မီးရထားဌာန မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013