တော်လှန်ရေးတပ်တွေနဲ့ ၄ လနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပြီးတဲ့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ နေရာအတော်များများကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ထိန်းချုပ်လိုက်ပြီး ဒေသခံတွေကို နေရပ် ပြန်နေခိုင်းနေပါတယ်။
တိုက်ပွဲကာလအတွင်း ရှမ်းတောင်ဒေသမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းကျော်အထိ ရှိခဲ့ပါတယ်။
ဆီဆိုင်မြို့ နေရာအတော်များများကို ထိန်းချုပ်နိုင်သွားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ ပြည်သူတွေကို နေရပ်မှာ ပြန်နေကြဖို့ ပြောကြတာတွေ ရှိနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တာကြောင့် နေရပ်မပြန်ကြသေးတဲ့ ဆီဆိုင်ဒေသခံတွေ အများကြီးရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
“စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက ဒေသခံ စစ်ရှောင်ပြည်သူတွေကို တိုက်ပွဲတွေ ငြိမ်နေတဲ့ နေရာတွေကို ပြန်နေဖို့ ပြောတာတွေရှိတယ်။ ဒေသခံတွေက တချို့ပြန်ကြတယ်၊ ပြန်ထွက်ကြတယ်။ လုံးလုံးပြန်နေဖို့ကျ မတွေ့ရသေးဘူး။ ဆီဆိုင်မြို့ပေါ်ရပ်ကွက် အရပ်သားနေအိမ်တွေက တော်တော်ထိထားတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲနေသေးတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်ပြီး လက်နက်ကြီး ပစ်ခတ်မှုက နေ့စဉ်ရှိနေလို့ ပြန်နေတဲ့ပြည်သူ နည်းတယ်။ ပြန်မနေရဲသေးတဲ့ ဒေသခံတွေ အများကြီးရှိတယ်။”
ဆီဆိုင်မြို့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ကို ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ဆီဆိုင်ကို ထိန်းချုပ်သွားနိုင်တဲ့ စစ်ကောင်စီဟာ ကရင်နီပြည်နယ် လွိုင်ကော်ဘက်ကိုလည်း စစ်ကြောင်းထိုးလာနေပြီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မြေပြင်က တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
လက်နက်ကြီးတွေ၊ ဒရုန်းတွေ သုံးပြီး စစ်ကောင်စီက နေ့စဉ် တိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ကိုပါ တော်လှန်ရေးတပ်တွေက ဟန့်တားပြီး ပြန်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
မြေပြင်မှ တော်လှန်ရေးရဲဘော်တဦးက “အခု ဆီဆိုင်ကို စစ်ကောင်စီက ပြန်ရသွားပြီ။ ဆီဆိုင်အပြင်ဘက် တောင်ကြီးသွားတဲ့လမ်း လွိုင်ကော်ဘက်ကို စစ်ကြောင်းထိုးလာတယ်။ တော်လှန်ရေးတပ်တွေနဲ့ နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ နေ့တိုင်း ထိတွေ့မှုဖြစ်တယ်။ လက်နက်ကြီးတွေပစ်တယ်၊ ဒရုန်းတွေသုံးတယ်၊ ဟောင်ဝစ်ဇာနဲ့ပစ်တယ်။ တော်လှန်ရေးတပ်တွေက ဟန့်တားထားပြီး ဖြည်းဖြည်းချင်း ဆုတ်တာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ရဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
တိုက်ပွဲတွေအတွင်း ဆီဆိုင်မြို့ပေါ်ရပ်ကွက် အများစု ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ဆီဆိုင်မြို့ စည်ပင်သာယာရေးဌာနကနေ ပျက်စီးသွားတဲ့ ဆီဆိုင်မြို့မဈေးကို ဧပြီလကုန်ပိုင်းက သန့်ရှင်းရေးလုပ်ကာ အကြွင်းအကျန်ပစ္စည်းတွေကို လေလံတင် ရောင်းချခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သီဟ
ဆီဆိုင်မြို့ကို စစ်တပ်က ထိန်းချုပ်ပြီး ဒေသခံများကို နေရပ်ပြန်နေခိုင်း