Home
နိုင်ငံတကာ
ဂါဇာကို အကူအညီပေးပို့သည့် မော်တော်ယာဉ် ၂ စီး တိုက်ခိုက်ခံရ
DVB
·
May 2, 2024
attck world 252024

ဂါဇာကမ်း‌မြောင်ကို  အကူအညီတွေ သွားရောက်ပေးပို့နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီယာဉ်တန်းမှ မော်တော်ယာဉ် ၂ စင်းကို မေ ၁ ရက်မှာ အစ္စရေးအခြေချနေထိုင်သူတချို့က တိုက်ခိုက်ခဲ့ကြောင်း ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ထရပ်ကား ၃၁ စီး ပါဝင်တဲ့ ဂျော်ဒန်နိုင်ငံရဲ့ ယာဉ်တန်းတွေထဲက တခုဟာ ဂါဇာမြောက်ပိုင်းကို ရောက်ရှိဖို့ အီရတ်ဇ်နယ်စပ်ဂိတ်ကို ဦးတည်မောင်းနှင်နေခဲ့ပြီး  ထရပ်ကား ၄၈ စီး ပါဝင်တဲ့ တခြားမော်တော်ယာဉ်အုပ်စုကတော့ ဂါဇာတောင်ပိုင်းကို ဖြတ်ကျော်ဖို့ ခီရမ် ရှာလွန်မ် နယ်စပ်ဂိတ်ကို ဦးတည်သွားခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ယာဉ်တန်းတွေဟာ အနောက်ဘက်ကမ်းရှိ အခြေချနေရာ မာလဲအဒူမင်း မြို့အနီးကို ဖြတ်သွားချိန်မှာ ဂါဇာကမ်းမြောင်ကို သွားရောက်မယ့် အကူအညီပေးရေး ထရပ်ကားတွေကို ပိတ်ဆို့ထားခဲ့တဲ့ လူ ၄ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အစ္စရေး ဥပဒေရေးရာ အကူအညီပေးရေး အေဂျင်စီ အော်နယ်နျုက ပြောပါတယ်။

ဂါဇာကိုသွားတဲ့ အဲဒီလမ်းကြောင်းဟာ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ အစ္စရေးနိုင်ငံတို့ကို ဖြတ်ကျော်သွားမှာဖြစ်ပါတယ်။

ယာဉ်တန်း ၂ ခုစလုံးဟာ သူတို့ရဲ့ခရီးကို ဆက်လက် ချီတက်ခဲ့ပြီးတော့ စစ်ဘေးသင့် ဂါဇာကမ်းမြောင်ဒေသကို ရောက်ရှိခဲ့ကြကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျော်ဒန်အစိုးရက အဲဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး အကူအညီပေးရေး ယာဉ်တန်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကာအကွယ်ပေးရေးအတွက် အစ္စရေးအာဏာပိုင်တွေမှာ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဂါဇာမှ အာဏာရ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတလျှောက်လုံးမှာ ဂျော်ဒန်နိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့ဆီကို လေကြောင်းမှ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေပြီး အနောက်ဘက် ကုန်းတွင်းပိုင်းကိုလည်း ယာဉ်တန်းတွေ စေလွှတ်ပေးနေတာပါ။

အမေရိကန်ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စီးဆင်းမှုကို တိုးတက်စေမယ့် လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်ဖို့ အစ္စရေးကို တွန်းအားပေးနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013