လက်ရှိ အပူဒဏ်နဲ့ မရင်းနှီးတဲ့အတွက် လူမနေနိုင်တဲ့ ကမ္ဘာပုံစံက လာနေတယ်၊ ရာသီဥတု ပြောင်းလဲမှုပုံစံက တနှစ်ထက်တနှစ် ပျမ်းမျှအပူချိန် တိုးလာတာကို ပြနေပြီလို့ ထိုင်းနိုင်ငံက သိပ္ပံပညာရှင် ပတ်ချ် မာနိုပါဝစ်က ရိုက်တာသတင်းဌာနကို ဧပြီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှဒေသတွေမှာ အစွန်းရောက်အပူရှိန်နဲ့ ကြုံတွေ့ရတာဟာ အယ်လ်နီညို သက်ရောက်မှုကြောင့်လို့ သူကပြောပါတယ်။
ဒေသတွင်းမှာ ပုံမှန်ထက် ပိုပူပြီး ပုံမှန်မဟုတ်တဲ့ ပူပြင်းတဲ့နှစ်နဲ့ ပေါင်းစပ်ထားတဲ့ ရွေ့လျားမှု အခြေခံအချက်တွေ ပေါ်လာနေပြီလို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် ကာရေဘီယံဒေသ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ အစိတ်အပိုင်းတချို့ဟာ ဒီနှစ်အတွက် အထူး ထိခိုက်အလွယ်ဆုံးဒေသလို့ ထင်မြင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက ပုံမှန်အခြေအနေသစ်ကို ကြုံတွေ့နေရပြီး အပူချိန်ရဲ့ အခြေခံအုတ်မြစ်အသစ်ကို နှိုင်းရစိုထိုင်းဆနဲ့ တွဲပြီး ခံစားလာရပြီ ထင်ပါတယ်လို့လည်း သူက ပြောပါတယ်။
“အခုအပူချိန်၊ အပူလှိုင်းနဲ့ ပူပြင်းတဲ့ ရာသီဥတုရဲ့ ပြင်းထန်မှုတို့ကြောင့် လူတွေလည်း အန္တရာယ်ကို သိထားဖို့ လိုမယ်ထင်တယ်။ အပူပိုင်းတိုင်းပြည်မှာတောင် အပူရှပ်တဲ့လူ အရေအတွက်လည်း မြန်မြန်ဆန်ဆန် တိုးလာတယ်” လို့ သူက သုံးသပ်ပါတယ်။
“ဒါကြောင့် အစိုးရအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် တွေးကြည့်ရုံတင်မကဘဲ ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့လည်း ပိုစဉ်းစားရမယ်။ ရာသီဥတု လုပ်ဆောင်ချက်က လိုက်လျောညီထွေဖြစ်အောင် အရှိန်မြှင့်ဖို့လိုတယ်၊ ထိခိုက်လွယ်ဆုံး ဂေဟစနစ်ကို ကြည့်ဖို့လိုတယ်” လို့ သူက သတိပေးခဲ့ပါတယ်။
Source/Photo-Reuters