Home
နိုင်ငံတကာ
ဒေါ်လာ ၇၁ သန်းတန် မူးယစ်ဆေးဝါး တင်လာသည့် ပါကစ္စတန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီး
DVB
·
April 30, 2024
IndianSeizeDrgu_30042024

အမေရိကန်ဒေါ်လာ ၇၁ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတဲ့ ပါကစ္စတန်သင်္ဘောတစင်းကို ဧပြီ ၂၈ ရက်မှာ အိန္ဒိယအာဏာပိုင်တွေက သူတို့ရဲ့ ရေပိုင်နက်အတွင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက ပြောပါတယ်။

သင်္ဘောပေါ်ကနေ စိတ်ကြွဆေးပြား ၈၆ ကီလိုဂရမ်နဲ့ ဘိန်းဖြူတွေ အပါအဝင် တရားမဝင် တားမြစ်ကုန်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဂျာနီရှ်ဝါ ဆင်းန်က ပြောပါတယ်။

“တရားမဝင် မူးယစ်ဆေးဝါး ၈၆ ကီလိုဂရမ်နဲ့အတူ ပါကစ္စတန်နိုင်ငံသား ၁၄ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ စိတ်ကြွဆေးပြား ၁၈ ထုပ်နဲ့ ဘိန်းဖြူ ၆၈ ထုပ်တို့ အပါအဝင် စုစုပေါင်း အလေးချိန် ၈၆ ကီလိုဂရမ်လောက် ရှိတယ်။”

နိုင်ငံတကာဈေးကွက်တန်ဖိုးက ကုဋေ ၆၀၀ (ဒေါ်လာ ၇၁ သန်း) လောက်ရှိတယ်လို့ ထင်ကြောင်းလည်း ဆိုပါတယ်။

အဲဒီရေယာဉ်ကို ဂူဂျရတ် တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ငယ် (ATS) မှ သင်္ဘောတစင်းက ဝန်းရံဝိုင်းပတ်ထားပြီး ဖမ်းဆီးခံရသူတွေကို ဦးခေါင်းမှာ အိတ်တွေစွပ်‌ပေးထားကာ သင်္ဘောပေါ်ကနေ ခေါ်ဆောင်လာတာကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို အိန္ဒိယကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဂူဂျရတ် တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ATS) ဟာ ဧပြီ ၂၁ ရက်က သင်္ဘောကို ထောက်လှမ်းမိကြောင်း သတိပေး တပ်လှန့်ခဲ့ပြီး အဲဒီအချိန်ကတည်းက ရှာဖွေရေးနဲ့ ဖမ်းဆီးရေး စစ်ဆင်ရေးထဲမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

အိမ်နီးချင်း ပါကစ္စတန်ဟာ နယ်စပ်ဖြတ်ကျော် ကွန်ရက်တွေကို လုပ်ဆောင်ဖို့ မူးယစ်ဂိုဏ်းအဖွဲ့တွေကို မွေးမြူထားတယ်လို့ အိန္ဒိယက အရင်ကတည်းက စွပ်စွဲထားတာဖြစ်ပြီး ပါကစ္စတန်ကလည်း ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013