Home
မြန်မာသတင်း
ရွှေပြည်သာတွင် အိမ် ၂၆ လုံး မီးလောင်ပြီး  လူ ၁၂၀ ကျော် မီးဘေးသင့်
DVB
·
April 30, 2024
fire 3042024

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်၊ အပိုင်း ၄၊  မဉ္ဇူလမ်းနဲ့ ဗေဒါလမ်းထောင့်မှာ ဧပြီ ၂၉ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ ပျဉ်ခင်း တထပ်နေအိမ် ၂၆ လုံး ပျက်စီးသွားခဲ့ပြီး အိမ်ထောင်စု ၂၆ စုက  လူဦးရေ ၁၂၀ ‌ကျော် မီးဘေးဒုက္ခခံစားနေကြရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သက်ဆိုင် ရာမီးသတ်တပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး မီးဘေးသင့်မိသားစုတွေကို ရွှေပြည်သာရွာမဘုန်းကြီးကျောင်းမှာ ယာယီနေရာချထားပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ အိမ်တွေက ကပ်နေတာ။ ပုလဲလမ်းဆုံနားမှာ လောင်တာ။ လောလောဆယ် မီးဘေးသင့် လူဦးရေ ၁၂၀ ကျော်မယ်။ အိမ်က ၂၆ လုံး လောင်သွားတယ်”လို့ ပြောပါတယ်။

မီးလောင်တဲ့နေရာကို ရွှေပြည်သာမြို့နယ်မီးသတ်က  မီးသတ်ယာဉ် ၃ စီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပေမဲ့  အိမ်တွေ ကပ်နေပြီး လောင်စာအားကောင်းနေတာကြောင့် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ Level 1 ယာဉ်အုပ်စုတွေ ဆင့်ခေါ်ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးသတ်နဲ့ အရပ်ဖက်လူမှုကူညီအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် နေ့လယ် ၁၂ နာရီ ၃၃ မိနစ်မှာ မီးငြိမ်းသွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။

ဓာတ်ပုံ- ရွှေပြည်သာမြို့နယ်မီးသတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013