Home
နိုင်ငံတကာ
ကင်ဆာရောဂါသည် လာအိုနွယ်ဖွား ၁ ဦး Powerball ထီ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဆွတ်ခူး
DVB
·
April 30, 2024
PowerballWinner_30042024

ကင်ဆာရောဂါကုသမှု ခံရယူနေတဲ့ လာအိုနွယ်ဖွား ချာလီဆဲဖန်ဟာ Powerball အမေရိကန်ထီ  ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဆုကြီး  ဆွတ်ခူးသွားတယ်လို့ ထီလုပ်ငန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ချာလီဟာ ၁၉၈၇ မှာ လာအိုကနေ ထိုင်းကို ရွှေ့ပြောင်းခဲ့ပြီး ၁၉၉၄ မှာ အမေရိကကို ရွှေ့ပြောင်းအခြေချခဲ့သူ ဖြစ်ပါတယ်။ အခုထီဆုကြီးဟာ အမေရိကန်သမိုင်းမှာ အဋ္ဌမမြောက် ဆုကြေးအများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက ထီဖွင့်ရာမှာ ပေါက်ဂဏန်းက အဖြူ ဘောလုံး ၂၂၊ ၂၇၊ ၄၄၊ ၅၂၊ ၆၉ ဖြစ်ပြီး အနီပါဝါဘောလ်က ဂဏန်း ၉ ဖြစ်ပါတယ်။

နှစ်သစ်ကူးနေ့မှာ Powerball ဆုကြီး ပေါက်ပြီးနောက်ပိုင်း ထီဖွင့်တဲ့ အကြိမ် ၄၀ လုံး ဆုကြီးပေါက်သူမရှိဘဲ ဆုငွေတွေ တိုးလာတာဖြစ်ပါတယ်။

၄၁ ကြိမ်မြောက်ကျမှ ဂဏန်းခြောက်လုံးစလုံးတူသူ ပေါ်တဲ့အတွက် ဆုကြေး အရမ်းများသွားတာ ဖြစ်ပါတယ်။

ချာလီဟာ ၂ ဒေါ်လာတန် ထီလက်မှတ်နဲ့ အခုဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး ဖြစ်တန်စွမ်း အကြိမ် ၂၉၂ ဒသမ ၂ သန်းမှာ တကြိမ်ပဲရှိတဲ့ ရှာမှရှားတဲ့ ကံထူးသူဖြစ်ပါတယ်။

ဆုကြေးက ၁ ဒသမ ၃ ဘီလီယံဆိုပေမဲ့ တပေါင်းတည်းယူရင် ဒေါ်လာ ၆၀၈ ဒသမ ၉ သန်းပဲရမှာ ဖြစ်ပါတယ်။ ၂၉ ကြိမ်ခွဲယူမှ အပြည့်ရမှာပါ။

Powerball ထီကို အမေရိကန်ပြည်နယ် ၄၅ ခု၊ ကိုလံဘီယာခရိုင်၊ အမေရိကန် ဗာဂျင်းကျွန်းစုနဲ့ ပွာတိုရီကိုတို့မှာ ရောင်းချပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013