ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို ဒါကာမြို့တော်မှာ ဧပြီ ၂၈ ရက်က ပြန်လည်ဖွင့်လှစ်ထားပါတယ်။
အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ဆိုးဆိုးရွားရွား မြင့်တက်လာပြီးနောက် တောင်အာရှနိုင်ငံတဝန်း စာသင်ကျောင်းတွေ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပိတ်ထားခဲ့ရတာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကျောင်းတွေကို ဖွင့်လှစ်ရာမှာ သန်းနဲ့ချီတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်လာခဲ့ကြပါတယ်။
အပူဒဏ်သတိပေးချက်တွေကတော့ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ၄၀ ဒီဂရီစင်တီဂရိတ် အထက်ကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။
မကြာသေးမီက ရမ်ဇာန်ဥပုသ်လနဲ့ အိဒ်အယ်လ်ဖစ်ထ် ပွဲတော်တို့ကြောင့် ကျောင်းသားတွေဟာ ကျောင်းပိတ်ရက် ထပ်တိုးခွင့်ရခဲ့လို့ နှစ်ကုန်စာမေးပွဲအတွက် ပြင်ဆင်ရာမှာ ကျောင်းတွေရဲ့ ပညာရေးတိုးတက်မှုအတွက် ထိခိုက်မှာကိုလည်း စိုးရိမ်ပူပန်နေပါတယ်။
အပူလှိုင်း ဆက်ရှိနေရင် အွန်လိုင်းကနေ စာသင်မယ့် အတန်းတွေကို တက်ရောက်ဖို့ ရှိတယ်လို့ တချို့ကျောင်းတွေက ပြောပါတယ်။
Source/Photo-Reuters