ဂိုးသွင်းပြီးချိန်တိုင်း အောင်ပွဲခံတော့မှာမဟုတ်ကြောင်း စပါးအသင်းနည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
အာဆင်နယ်အသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ အသင်းရဲ့ ချေပဂိုးကို VAR က ပြန်လည်စစ်ဆေးပြီး လူကျွံဘော သတ်မှတ်ခဲ့တဲ့အပေါ် စပါးအသင်းနည်းပြ ပို့စ်တီကိုဂလူက ဒေါသထွက်ခဲ့တာပါ။
ဘောလုံးပွဲတွေဟာ ကွင်းထဲမှာမရှိတော့သလို ခံစားရပြီး VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည် စောင့်ဆိုင်းနေရတဲ့အတွက် ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံတော့မှာ မဟုတ်တော့ဘူးလို့ စပါး နည်းပြက ပြောပါတယ်။
အဲဒီလိုအခြေအနေအပေါ် မနှစ်သက်ပေမဲ့လည်း စည်းမျဉ်ဥပဒေအရတော့ လက်ခံသွားရမှာ ဖြစ်တယ်လို့ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ပထမပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမကောင်းဘူးလို့လည်း ပို့စ်တီကိုဂလူက ပြောပါတယ်။
Photo - REUTERS/Dylan Martinez