ပရီးမီးယားလိဂ် နောက်ဆုံးလက်ကျန် ၄ ပွဲကို ဗိုလ်လုပွဲ ၄ ပွဲလို ကစားသွားမယ်လို့ မန်စီးတီးနောက်ခံလူ ဂဗာဒီယိုက ပြောသွားပါတယ်။
ခရိုအေးရှား နောက်ခံလူဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ အရေးပါတဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
မန်စီးတီးက အာဆင်နယ်ထက် တပွဲလျော့ အခြေအနေမှာ ရမှတ် တမှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ကိုယ့်အလုပ်ကို လုပ်သွားဖို့သာ လိုအပ်ပြီး လက်ကျန် ၄ ပွဲကို ဗိုလ်လုပွဲ ၄ ပွဲလို သဘောထားပြီး ယှဉ်ပြိုင်ကစားသွားမယ်လို့ ဂဗာဒီယိုက ပြောပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အိမ်ကွင်းဟာ ခြောက်သွေ့နေတာကြောင့် ကစားရတာ ခက်ခဲခဲ့ကြောင်းနဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာက အရေးကြီးဆုံး ဖြစ်ကြောင်း ဂဗာဒီယိုက နိုင်ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo - REUTERS/Molly Darlington