အာဆင်နယ်အသင်းအနေနဲ့ နိုင်ပွဲရရှိတိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ခွင့်ရှိတယ်လို့ နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ဧပြီ ၂၈ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယနေရာက မန်စီးတီးကလည်း နော်တင်ဟမ်ဖောရက်စ် ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အာဆင်နယ်ထက်တပွဲလျော့အခြေအနေမှာတမှတ်သာကွာဟတော့တာပါ။
နည်းပြအာတေတာကတော့ မန်စီးတီးနဲ့ အမှတ်ကွာဟချက်က အလွန်ကျဉ်းမြောင်းတဲ့အ ခြေအနေဖြစ်ပြီး နိုင်ပွဲရယူချိန်တိုင်းမှာ ချန်ပီယံဆုမျှော်လင့်ခွင့်ရှိတယ်လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ လက်ကျန်သုံးပွဲမှာ ဘုန်းမောက်၊ မန်ယူ၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးက ဝုဗ်၊ ဖူဟမ်၊ စပါး၊ ဝက်စ်ဟမ်းအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters