မန်ယူအသင်းနည်းပြအဲရစ်တန်ဟတ်ဂ်ဟာ ဘန်လေအသင်းနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းဌာန သုံးခုကို မေးခွန်းမေးမြန်းခွင့်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်မှာအနိုင်ရခဲ့ပြီးနောက် သတင်းဌာနတွေရဲ့ ရေးသားတင် ဆက်ပုံတွေဟာ အသင်းနဲ့ သူ့အပေါ် လေးစားမှုမရှိဘူးလို့ ယူဆတာကြောင့် မေးခွန်းမေးမြန်းခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။
နည်းပြအဲရစ်တန်ဟတ်ဂ်က မေးခွန်းမေးမြန်းဖို့ ပိတ်ပင်ခဲ့တဲ့ သတင်းဌာနတွေက The Sun၊ Manchester Evening News သတင်းစာနဲ့ The Mirror သတင်းဌာနတို့ ဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ မန်ယူနည်းပြရာထူးနဲ့ ထိုက်တန်မှု မရှိကြောင်း နှပ်ကြောင်းပေးရေးသားတင် ဆက်ခဲ့ပုံတွေကိုလည်း နည်းပြတန်ဟတ်ဂ်ဘက်က စိတ်ဆိုး ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။
Photo-Reuters