ကမ္ဘာပေါ်က အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပြည်လုံးကျွတ် ရွေးကောက်ပွဲရဲ့ ဒုတိယအဆင့်ဟာ ဧပြီ ၂၆ ရက်မှာ မဲဆန္ဒရှင် အရေအတွက် လျော့ကျရင်း ပြီးဆုံးခဲ့ပါတယ်။
မဲပေးအပြီးမှာ သောကြာနေ့က ခန့်မှန်းခြေ မဲပေးသူအရေအတွက်ဟာ စုစုပေါင်း မဲပေးခွင့် ရှိသူတွေရဲ့ ၆၁ ရာခိုင်နှုန်းရှိခဲ့တာပါ။
အရင်အပတ် ပထမအဆင့် ရွေးကောက်ပွဲမှာ မဲပေးသူ ၆၅ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်က ဒုတိယအဆင့် မဲပေးသူ ၆၈ ရာခိုင်နှုန်းတို့ထက် လျော့နည်းခဲ့ပါတယ်။
ဥတ္တာပရာဒက်ရှ် ပြည်နယ်မှာ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်သာ ရှိပြီး ၂၀၁၉ ခုနှစ်က မဲပေးသူ ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။
ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ အိန္ဒိယမှာ လူဦးရေ သန်း ၁၀၀၀ နီးပါး မဲပေးခွင့်ရှိပြီး ဇွန်လ ၄ ရက်မှာ မဲ ရလဒ်တွေကို ကြေညာဖို့ သတ်မှတ်ထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ အဆင့် ၇ ဆင့်ရှိပြီး အခု မေ ၇ ရက်မှာ တတိယအကျော့ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီက တိုးတက်မှု၊ သက်သာချောင်ချိရေးနဲ့ သဘောထားတင်းမာတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒတို့လို ပြဿနာတွေရဲ့ နောက်ကွယ်မှာ သမိုင်းဝင်တတိယမြောက် သက်တမ်းအတွက် ရွေးကောက်ပွဲ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။
Source/Photo - Reuters