ယူကရိန်းအတွက် ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ လက်နက်သစ်တွေ ဝယ်ယူမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲဖြစ်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင် က ဧပြီ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။
ယူကရိန်းလုံခြုံရေး အထောက်အကူပြု အကူအညီကနေတဆင့် ဒေါ်လာ ၆ ဘီလီယံ ထပ်လောင်း ကတိကဝတ်ကို ကြေညာရတာ ဝမ်းသာပြီးတော့ အမေရိကန် စက်မှုလုပ်ငန်းကနေ ယူကရိန်း အတွက် စွမ်းဆောင်နိုင်ရည် အသစ်တွေကို ရယူနိုင်စေမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင် က ပြောကြားပါတယ်။
ဒါဟာ ဒီကနေ့အချိန်ထိ အမေရိကန်မှ လုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံး လုံခြုံရေးအကူအညီ ပက်ကေ့ချ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီပက်ကေ့ချ်ထဲမှာ ယူကရိန်းရဲ့ မျိုးချစ်စိတ်အတွက် အရေးကြီးတဲ့ ကြားဖြတ်ဟန့်တားရေး ကိရိယာတွေ၊ NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ တန်ပြန်ဒရုန်းစနစ်တွေနဲ့ ထောက်ပံ့ရေးကိရိယာတွေ၊ များပြားလှတဲ့ အမြောက်ကျည်တွေနဲ့ ဝေဟင်မှ မြေပြင်ပစ် ခဲယမ်းတွေ၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းမှာ ရလဒ်က ဒီခေတ်ရဲ့ လမ်းကြောင်းကို အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။
ပူတင်သာ ယူကရိန်းမှာ အောင်နိုင်ရင် လုံခြုံရေးအကျိုးဆက်က ကြီးကြီးမားမားနဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စ ဖြစ်သွားမှာ ဖြစ်ကြောင်းနဲ့ ဥရောပဟာလည်း တသက်လုံး မမြင်ဖူးတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင် က ပြောပါတယ်။
သမ္မတဘိုင်ဒင်က မှတ်ချက်ပြုထားတဲ့အတိုင်း ရုရှားဟာ ယူကရိန်းမှာ ရပ်တန့်နေမှာ မဟုတ်ပဲ ကရင်မ်လင်က သူ့လမ်းကြောင်းပေါ်ရောက်ပြီဆိုရင်၊ ပူတင်ရဲ့ နယ်ချဲ့ကျူးကျော်စစ်ပွဲ အောင်မြင်သွားရင် ကမ္ဘာပေါ်ရှိ အာဏာရှင်တိုင်း ဒါမျိုးကိုပဲ အာရုံစိုက်လာတော့မယ် လို့လည်း ပြောသွားပါတယ်။
Source/Photo - Reuters