Home
အားကစား
လီဗာပူးနည်းပြအဖြစ်တာဝန်ယူချင်ဟု ဖီယင်နုနည်းပြ အမ်းစလော့ ပြော
DVB
·
April 27, 2024

လီဗာပူးအသင်းနည်းပြအဖြစ် တာဝန်ယူချင်ကြောင်း ဟော်လန်ကလပ်ဖီယင်နုနည်းပြ အမ်းစလော့က ဝန်ခံပြောသွားပါတယ်။

ကြာသာပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့  Go Ahead Eagles အသင်းနဲ့ပွဲစဉ် အပြီးမှာ လီဗာပူးအသင်းနည်းပြ တာဝန်ရယူချင်ကြောင်း အမ်းစလော့ကဝန်ခံခဲ့ပြီး နှစ်ဖက်အသင်း ကြားမှာ ဆွေးနွေးနေတယ်လို့ ပြောသွားပါတယ်။ 

ဖီယင်နုနဲ့ လီဗာပူးအသင်းတို့ ဆွေးနွေးနေပြီး အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် စောင့်ဆိုင်းနေရုံသာရှိတယ်လို့ နည်းပြအမ်းစလော့က ပြောပါတယ်။

ဟော်လန်နည်းပြအမ်းစလော့ရဲ့ အသင်းကစားပုံကို သဘောကျကြောင်း လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ကလည်း မှတ်ချက်ပေးသွားပါတယ်။

အမ်းစလော့ဟာ လက်ရှိအချိန်မှာ ဟော်လန်ကလပ် ဖီယင်နုအသင်းကို တာဝန်ယူကိုင်တွယ်နေပေမဲ့ လီဗာပူးအသင်းက ရာသီအကုန်မှာခန့်အပ်သွားဖို့ ဆွေးနွေး နေတာပါ။

နည်းပြ ကလော့ပ်ကတော့ အမ်းစလော့နဲ့ လူချင်းမသိကျွမ်းပေမဲ့ သူ့အသင်းရဲ့ ကစားပုံကို သဘောကျသလို ကောင်းမွန်တဲ့နည်းပြတစ်ဦးလဲဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးအသင်း နည်းပြအလုပ်က ကမ္ဘာ့အကောင်းဆုံးအလုပ်ဖြစ်ပြီး ပိုမိုတိုးတက်လာနိုင်တဲ့ အသင်းလည်းဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့အသင်းဖြစ်ကြောင်း ကလော့ပ်က ပြောပါတယ်။

ဟော်လန်နည်းပြ အမ်းစလော့ကတော့ လီဗာပူးအသင်းနည်းပြတာဝန်ကို ရယူချင်ပြီး မိခင်ကလပ်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ ပြောထားပါတယ်။ 

လီဗာပူးအသင်းဟာ အမ်စလော့ကိုခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး ပမာဏ ညှိနှိုင်းနေတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးလည်း  မရှိတာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့တရပ် ပေးချေသွားရဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

အသက် ၄၅ နှစ်ရှိ ဟော်လန်နည်းပြဟာ ၂၀၁၆ ခုနှစ်ကမှ ကမ်းဘားအသင်းနဲ့ အတူ နည်းပြဘဝစတင်ခဲ့ပြီး အေဇက်အယ်ခမာ၊ ဖီယင်နုစတဲ့ ဟော်လန်အသင်းတွေပဲ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013