အာဆင်နယ်အသင်းအနေနဲ့ ပွဲဆက်တွေများနေခဲ့ပေမဲ့ လာမယ့်တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် အင်ပြည့်အားပြည့်နဲ့ အဆင်သင့်ရှိ နေကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဧပြီလ အတွင်းမှာ ၉ ရက်အတွင်း ၄ ပွဲကစားခဲ့ရပြီး ပွဲဆက်များခဲ့တာပါ။ စပါးအသင်းကတော့ ဧပြီ ၁၃ ရက်နောက်ပိုင်းမှာ ပွဲမကစားခဲ့ရတာကြောင့် ၂ ပတ်လောက်အထိ နားရက်ရရှိထားတာပါ။
အာဆင်နယ် နည်းပြအာတီတာကတော့ ပွဲဆက်များခဲ့တာက အသင်းအတွက် အတွေ့အကြုံ ပိုမိုရရှိစေပြီး စပါးနဲ့ပွဲအတွက် အင်ပြည့်အားပြည့်နဲ့ အဆင်သင့်ရှိကြောင်း ပြောသွားတာပါ။
အာဆင်နယ်အနေနဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာကြောင့် ယုံကြည်မှုပိုင်းမှာ ပိုမိုအားကောင်းလာတယ်လို့ ပြောသွားပါတယ်။
အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အရာအားလုံး လုပ်ဆောင်သွားမယ်လို့လို့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကလည်း ပြောသွားပါတယ်။
စပါးအသင်းက ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ပွဲစဉ်တိုင်းကအရေးပါနေသလို အာဆင်နယ်အတွက်လည်း ချန်ပီယံပြေးလမ်းကနေ မသွေဖယ်နိုင်ဖို့အတွက်လည်း စပါးနဲ့ပွဲက အရေးပါနေတာပါ။
ဆွန်ဟောင်မင်ကတော့ အာဆင်နယ်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိဖို့ အရာအားလုံးပေးဆပ် ကစားသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ခြေစွမ်းပြသနိုင်ဖို့အတွက်လည်း အကောင်းမွန်ဆုံးလေ့ ကျင့်ထားပြီး ပွဲကြီးပွဲကောင်း တပွဲဖြစ်လာလိမ့်မယ်လို့ ဆွန်ဟောင်မင်က ပြောသွားပါတယ်။
စပါးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။
Photo-Reuters