ခရစ္စတယ်ပဲလေ့အသင်းဟာ တောင်ပံကစားသမား အိုလစ်ဆီနဲ့ ကွင်းလယ်ကစားသမား အိဇ်တို့ အတွက် တဦးကို ပေါင်သန်း ၆၀ ဈေးနှုန်းသတ်မှတ်လိုက်ပါတယ်။
အသက် ၂၂ ရှိ ပြင်သစ်တောင်ပံကစားသမား မိုက်ကယ်အိုလစ်ဆီဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေရှိခဲ့ပေမဲ့ စုစုပေါင်း ၁၅ ပွဲမှာ ၇ ဂိုးသွင်း ၄ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူပါ။
အင်္ဂလန်ကွင်းလယ်ကစားသမား အမ်ဘာရစ်ချီအိဇ်ဟာလည်း ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းပြီး ခြေစွမ်းပြသနေတာပါ။
ပြင်သစ်တောင်ပံ ကစားသမားကို အာဆင်နယ်နဲ့ မန်ယူအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အိဇ်ကိုတော့ မန်စီးတီးအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။
ကစားသမားနှစ်ဦးကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ တဦးကို ပေါင်သန်း ၆၀ ကနေစတင်ပြီး ဆက်သွယ်ကမ်းလှမ်းနိုင်ကြောင်း ပဲလေ့အသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ပဲလေ့ဟာ အဆိုပါကစားသမား နှစ်ဦးကို နှစ်ရှည်စာချုပ်တွေချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Photo-Reuters