Home
နိုင်ငံတကာ
ByteDance ကုမ္ပဏီက TikTok ရှယ်ယာများ ထုတ်မရောင်းဘဲ အမေရိကန်တွင် အပိတ်ခံမည်
DVB
·
April 26, 2024
TikTokUS_26042024

TikTok ပိုင်ရှင် တရုတ်ကုမ္ပဏီ ByteDance က အမေရိကန်မှာ အပိတ်ခံရမယ့် အခြေအနေကို ဥပဒေကြောင်းအရ နည်းလမ်းစုံသုံးပြီး ရင်ဆိုင်လို့မှမရရင် ရှယ်ယာတွေ ရောင်းချမယ့်အစား အပိတ်ခံသွားမှာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

TikTok လည်ပတ်ဖို့ မှီခိုရတဲ့ အယ်လ်ဂိုရစ်သမ် လုပ်နည်းစနစ်ဟာ ByteDance ရဲ့ အရပ်ရပ်လုပ်ငန်း လည်ပတ်မှုအတွက် အဓိကကျတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် TikTok ကို ရောင်းလိုက်ရင် ဒီလုပ်နည်းစနစ် အယ်လ်ဂိုရစ်သမ်ကိုပါ ပေးရမှာဖြစ်တဲ့အတွက် ByteDance က အပိတ်ခံမယ့်လမ်းကို ရွေးမှာလို့ သတင်းရင်းမြစ် ၄ ခုကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

တကယ်တမ်းမှာ TikTok ဟာ ByteDance ဝင်ငွေအတွက် အဓိကမဟုတ်တဲ့အတွက် အမေရိကန်ကုမ္ပဏီတခုကို ရောင်းစားမယ့်အစား အမေရိကန်မှာ အပိတ်ခံမယ့်လမ်းကိုသာ ရွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေအရ ByteDance ကုမ္ပဏီဟာ TikTok က သူ့ရှယ်ယာတွေကို ၉ လအတွင်း မရောင်းရင် အမေရိကန်မှာ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013