အာကာသယာဉ်မှူး ၃ ဦးတင်ဆောင်လာတဲ တရုတ် ရှန်ကျိုး-၁၈ အာကာသယာဉ်ဟာ ဧပြီ ၂၅ ရက်မှာ ကမ္ဘာပတ်လမ်းထဲက တရုတ်ကိုယ်ပိုင်အာကာသစခန်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။
၂၀၃၀ မှာ လကမ္ဘာကို အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ရေးအထိ မျှော်မှန်းထားတဲ့ စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
၂၅ ရက် ည ၈ နာရီ ၅၉ မိနစ်အချိန်မှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရ အစွန်းက ကျိုးချွမ် ဂြိုဟ်တုလွှတ်တင်စခန်းကနေ ရှန်ကျိုး-၁၈ ကို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ရှန်ကျိုး-၁၈ နဲ့ လိုက်ပါသွား ၃ ဦးဟာ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလက ရှန်ကျိုး-၁၇ နဲ့ ထျန်ကုန်း အာကာသစခန်းကို ရောက်ရှိနေတဲ့အဖွဲ့နဲ့ လူချိန်းမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ရုရှားတို့ ဦးစီးပြီး ဥရောပသမဂ္ဂ၊ ဂျပန်၊ ကနေဒါတို့ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းကနေ ဖယ်ထုတ်ခံခဲ့အပြီးမှာ ကိုယ်ပိုင်စခန်းဆောက်ထားတာ ဖြစ်ပါတယ်။
အာကာသလေ့လာရေးမှာ တရုတ်စစ်ဘက်က ပါဝင်ပတ်သက်တာကို အမေရိကန်က စိုးရိမ်ရာကနေ ပြဿနာစဖြစ်ခဲ့တာပါ။ ဒီနှစ်ထဲမှာ တရုတ်စခန်းကို ကုန်တင်မစ်ရှင်နှစ်ခုနဲ့ လူပို့မစ်ရှင်နှစ်ခု ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။
ထျန်ကုန်းအာကာသစခန်းမှာ နိုင်ငံခြားအာကာသယာဉ်မှူးတွေပါ လာရောက်နိုင်အောင်နဲ့ အာကာသခရီးသွားတွေ လည်ပတ်နိုင်အောင်ပါ ကြိုးစားနေတယ်လို့ တရုတ်အာကာသတွင်း လူပို့ လွှတ်ရေးအေဂျင်စီ (CMSA) က ထုတ်ပြန်ပါတယ်။
ဒီစခန်းကို အခြေတည်ပြီး ၂၀၃၀ မှာ အင်္ဂါဂြိုဟ် နမူနာအစိတ်အပိုင်းတွေ ပြန်သယ်ယူနိုင်ဖို့နဲ့ လပေါ်ကို လူလွှတ်နိုင်ဖို့ တရုတ်က မျှော်မှန်းထားပါတယ်။
Source/Photo - Reuters