Home
မြန်မာသတင်း
မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်မြှင့် ဖော်ဆောင်မည်ဟု CDF-မင်းတပ် ပြော
DVB
·
April 25, 2024
war 2542024

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ချင်းကာကွယ်ရေးတပ်-CDF မင်းတပ် တည်ထောင်ပြီး ၃ နှစ်ပြည့်နေ့မှစကာ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က တပ်ဖွဲ့ ၃ နှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ရေး ပထမဆုံးစတင်ခဲ့တဲ့ CDF-မင်းတပ်ဟာ ဧပြီ ၂၄ ရက်မှာ တော်လှန်ရေးစတင်တာ ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

တပ်ဖွဲ့တည်ထောင်ပြီး ၃ နှစ်အတွင်း မင်းတပ်မြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို CDF-မင်းတပ်က ထိန်းချုပ်ထားပြီး မြို့ပေါ်ရပ်ကွက်တချို့မှာသာ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်တော့တယ်လို့ သိရပါတယ်။

CDF-မင်းတပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က “၂၀၂၄ ခုနှစ်အတွက် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်စွာပေါ်ထွန်းရေးအတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်နဲ့ ချင်းညီနောင်တို့အနေနဲ့ တော်လှန်ရေးမဟာမိတ်များ မြို့သိမ်းတိုက်ပွဲများ စခန်းသိမ်းတိုက်ပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သမိုင်းအဆက်ဆက် အကြိမ်ကြိမ် အာဏာသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အခုတကြိမ်မှ အမြစ်ပြတ် ချေမှုန်းခြင်းမရှိရင် မြန်မာတနိုင်ငံလုံး သူ့ကျွန်ဘဝနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ချင်းအမျိုးသားများအားလုံးအနေနဲ့ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

CDF-မင်းတပ် တည်ထောင်ပြီး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၂၅၂ ကြိမ် ဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင် ၆၅ ဦး ကျဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013