(က)
“ဟေ့ ဟေ့ လေ အဘ
ဟေ့ ဟေ့ လေ အဘ . . .
လေအဘတပ် ပြေးပုံများက
အမျိုးစုံပါကွယ် . . .”
“သင်္ကြန်ပြီးသွားပြီဟ မူးသာရ၊ မင်းမလည်း သင်္ကြန်သီချင်း ဆိုလို့ကောင်းတုန်း”
အဘလှဘူးက ပြောတော့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က နှာခေါင်းရှုံ့ပြပါလေ၏။ အဘစောမူးသာက ရယ်မောကာ ပြန်လည်ပြောလာပါလေ၏။
“သင်္ကြန်ပြီးပေမဲ့ ကြင်စိုး သာဝ မအလ တပ်တွေရဲ့ မာရသွန်ပြေးပွဲကတော့ ခုထိကို မပြီးသေးဘူးလကွာ လှဘူးရာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“အနောက်ဘက်မှာ ချာပါတီ သွားစားလိုက်၊ အာလူးပူရီ သွားစားလိုက်၊ အရှေ့ဘက်ကမ်းမှာ သင်္ဘောသီးထောင်း သွားဝါးလိုက်နဲ့ နယ်စပ်ဖြတ်ကျော်ပြီး အဟုတ်ကို တီးနေကြတာ”
“အေးကွ . . . ပတ်စ်ပို့မလိုဘဲ သူတို့ပဲ သွား သွားရဲနိုင်လွန်းသကွာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်ကား အတိုင်အဖောက်ညီစွာ ခင်းကျင်းနေကြပါသော အရွှင်အဘများကို ဘဝင်မကျစွာဖြင့် စိမ်းစိမ်းကြီး ကြည့်နေပါလေ၏။ အဘစောမူးသာက အဘစိမ်းမောင်ကို စကားဝိုင်းအတွင်း မသိမသာ ဆွဲသွင်းပါလေ၏။
“ဒါနဲ့ အာဆီယံတပ်မတော်အားကစားပြိုင်ပွဲက ဘယ်တော့လဲဟ စိမ်းမောင်ရ”
“အဲ . . . ဒီဇင်ဘာလလောက် ထင်တာပဲ၊ ဘာဖြစ်လို့လဲ မူးသာရ”
“သြော် . . . ဒီတခါ အာဆီယံတပ်မတော်တွေရဲ့ အားကစားပြိုင်ပွဲတွေမှာတော့ မအလရဲ့ တပ်သားတွေ ဗိုလ်စွဲမှာပဲဟ”
“‘သေနတ်ပစ်’ ပြိုင်ပွဲတွေမှာပေါ့”
“ဟုတ်ဘူးဟ စိမ်းမောင်ရ . . . ‘အပြေးပြိုင်ပွဲတွေ’ မှာ”
“ဟေ . . .”
“အခုလက်ရှိ ပြေးပုံ လွှားပုံ လေ့ကျင့်ထားပုံတွေနဲ့ဆိုရင် ‘တာတို’ မှာလည်း ပထမ၊ ‘တာလတ်’ မှာလည်း ထိပ်နဲ့ ‘မာရသွန်’ တာဝေးမှာလည်း ဗိုလ်စွဲမှာ ကျိန်းသေနေပါပြီ ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“လေအဘတပ် ပြေးပုံများက
မျိုး စုံ ပါ ကွ ယ်”
“သေနာတွေ . . .”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ခ)
အဘစိမ်းမောင်ကား အရွှင်အဘများကို ဘုကြည့်ကြည့်ကာ တရှူးရှူး ဖြစ်နေပါလေ၏။
“အခုဆိုရင်ကွာ . . . အောက်ခြေက အနိမ့်ဆုံးအဆင့် တပ်သားတွေသာ ‘အပြေးသန်’ တယ် မထင်နဲ့၊ သူတို့အပေါ်က ‘ဗိုလ်ကြီးေတွ၊ ဗိုလ်မှူးတွေ’ အဆင့်ကနေ၊ ‘တပ်ရင်းမှူးတွေ’ အဆင့်အထိ ‘မာရသွန်မင်းန်တွေ’ ဖြစ်နေကြပြီကွ”
“ဟုတ်ပ မူးသာရာ . . အခုဆိုရင် ‘ဗျူဟာမှူးတွေ’ အဆင့်အထိ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် အစွမ်းကုန်လေ့ကျင့်ထားကြတာဆိုတော့ အာဆီယံမှာ ဗိုလ်စွဲမှာ ကျိန်းသေနေပြီပေါ့ကွာ”
“ဒါကလည်း သူတို့တွေရဲ့ ဟိုးအပေါ်က နည်းပြချုပ်တွေရဲ့ စွမ်းရည်နဲ့ တိုက်ရိုက်သက်ဆိုင်တာပေါ့ကွာ”
“အေးကွ . . . မအလ ကြင်စိုး သာဝ တို့၊ မအလ လက်ဖက်ခြောက်တို့လို နည်းပြချုပ်ကြီးတွေရဲ့ ‘နည်းစနစ်စွမ်းရည်’ ကြောင့်သာ အောက်ခြေက ခါးပိုက်ဆောင်တပ်သားတွေ ‘အပြေးစွမ်းရည်’ တက်ပြီးရင်း တက်နေတာမဟုတ်လားကွာ”
“သေ ချင်း ဆိုးတွေ ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစိမ်းမောင်က ဝင်ဆဲတော့ ပို၍ ဟားစရာ ဖြစ်ရပြန်ပါလေ၏။ မအလရဲ့ အသေခံတပ်တွေ ‘အပြေးချန်ပီယံ’ ဖြစ်နေတာကို အဘစိမ်းမောင်လည်း သိသင့်သလောက်တော့ သိမည်ဖြစ်လေရာ အားမလိုအားမရဖြစ်နေတာ မဆန်းပါဘူးကွာဟု အရွှင်အဘတွေ၏ မျက်လုံးများက စကားလှမ်းပြောကြပါ၏။
“နောက်ဆိုရင် ‘နည်းပြချုပ်တွေ’ ချည်း ချစ်ကြည်ရေး အပြေးပြိုင်ပွဲ လုပ်တယ်ဆိုရင်လည်း မင်းတို့အဘ ‘မအလ’ တို့ ‘လက်ဖက်ခြောက်’ တို့ပဲ အာဆီယံမှာ ရွှေတံဆိပ်ရကြမှာဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“မအလကလည်း ပုတက် ပုတက်နဲ့ ရှေ့ဆုံးကပြေးနေပြီး၊ လက်ဖက်ခြောက်ကြီးကလည်း ‘ချိုင်းထောက်ကြီး’ နဲ့ မသန်စွမ်းစစ်သည် အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ သိမ်းကြုံးယူမှာဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်ကား အရွှင်အဘများကို အစိမ်းလိုက် ကိုက်စားချင်နေပုံပါလေ။ ‘မအေရိုးတွေ’ ဟု နှုတ်ခမ်းလှုပ်ရုံ ဆဲပါလေ၏။ ပြီးတော့ မေးခွန်းတခု ထွက်ချလာပါ၏။
“ဒုချုပ်ကြီးကို ‘ချိုင်းထောက်ကြီး’ နဲ့ဆိုတာ ဘာကိုပြောတာလဲ”
“အဲ . . . ဟိုဘက်ရက်က ပြေးရင်း လွှားရင်း မာရသွန်ကျင့်ရင်းကနေ ထိမိခိုက်မိလို့ ‘ချိုင်းထောက်ကြီး’ နဲ့ သွားနေရတယ်ဆိုလို့ပါ”
“မင်းတို့ကို ဘယ်သူပြောလဲ”
“အဲ ဟဲ ဟဲ . . . တပ်မတော်ဆေးရုံကြီးနားက ဖရဲသီးသည်က အတိအကျပြောတာကွ”
“ဖရဲသီးသည်စကားများ ယုံစရာလားကွာ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“အခုဆိုရင် ‘ဒုချုပ်ကြီး’ ဟာ ရှေ့တန်းစစ်မျက်နှာ အသီးသီးအတွက် ညွှန်ကြားချက်တွေကို လုပ်ဆောင်နေပြီကွ” ဟု အဘစိမ်းမောင်က ပြောလေရာ “မင်းကို ဘယ်သူပြောလဲ” ဟု အဘလှဘူးက မေးပါ၏။
“ဇော်မဲလုံး . . . အဲလေ . . . ဗိုလ်ချုပ်ဇော်မင်းထွန်း TV မှာ ပြောတယ်လေကွာ”
“ဟားဟား ဟားဟား ဟားဟား”
“ဒါပေမယ့် မင်းတို့ဒုချုပ်ကြီး လက်ဖက်ခြောက် လူမြင်ကွင်းက လုံးဝပျောက်နေတာတော့ ကြာလှပြီလေကွာ”
“သူက လူရှေ့သူရှေ့မထွက်ဘဲ လုံခြုံတဲ့နေရာကနေ ကွပ်ကဲနေမှာပေါ့ကွ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
လက်ဖက်ခြောက်ဆြာကြီးကို ရန်ကုန် ကန်သာယာဆေးရုံမှ နေပြည်တော်ဆေးရုံသို့ ရွှေ့ပြောင်းကာ အထူးကြပ်မတ်ကုသနေပေရာ အတော်ကလေးတော့ နာလန်ထူလာပုံရသည်ဟု ကြားရကြောင်း ပြောကြလေရာ အဘစိမ်းမောင်က “မင်းတို့ကို ဘယ်သူကပြောလဲ” ဟု ဘုမေး မေးပြန်ပါလေ၏။
“အဲ ဟဲ ဟဲ . . . ကုတင်တထောင်နားမှာလည်း ပြည်သူ့ဘက်တော်သား ဖရဲသီးသည်တွေ ရှိနေတယ်ကွ”
“အဲသည် ဖရဲသီးတွေကလည်း တမှောင့်”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစောမူးသာက ရုတ်တရက် ချက်ချင်း ဖိုးချို၏ သီချင်းတပုဒ်ကို အဟုတ်ဆိုပါ၏။
“မင်း ဘ ယ် လ မ်း သွား သွား
မင်းနောက်က လိုက် လို့ နေ မယ်
မင်း က မ္ဘာ ဆုံး လှမ်း လည်း
လှည့်မကြည့်နဲ့ နောက်ကပါမယ်”
“ဟားဟား ဟားဟား ဟားဟား”
(ဂ)
ကြင်စိုး သာဝ မအလရဲ့ ခါးပိုက်ဆောင် ဆေးကြောင်တပ်တွေဟာဖြင့် ရခိုင်မှာလည်းပြေး၊ ချင်းမှာလည်းပြေး၊ စစ်ကိုင်းမှာလည်းပြေး၊ ကချင်မှာလည်းပြေး၊ ရှမ်းမှာလည်းပြေး၊ ကရင်နီမှာလည်းပြေး၊ ထားဝယ်မှာလည်းပြေးဖြင့် ‘နောက်ကျတဲ့ခြေထောက် သစ္စာဖောက်’ လုပ်နေကြချိန်မှာ ‘နေပြည်တော် မင်းသားကြီး မအလနဲ့ သူတို့အကြီးပိုင်းက ဖက်ဆစ်ဘီလူးတွေဟာလည်း ‘ဂေါက်’ မရိုက်ကျတော့ဘဲ ‘အပြေး’ သာ ကျင့်နေကြတော့ပါသတဲ့။
“အရင်တုန်းက ဂေါက်ကွင်းမှာ အချိန်ဖြုန်းခဲ့သူတွေဟာ အခုတော့ အချိန်ပြည့် အပြေးပဲ ကျင့်နေကြတော့တယ်ဟ လှဘူးရ”
“ဘယ်မှာကျင့်တာလဲ မူးသာ၊ နေပြည်တော်က လမ်းမကြီးတွေပေါ်မှာလား”
“အဲသည်နေရာတွေကို သွားရဲမလားဟ၊ ဒီတော့ နန်းတော်ကြီးတွေတမျှ ဆောက်လုပ်ထားကြတဲ့ သူတို့ရဲ့ အိမ်တော်ခြံဝန်းကျယ်ကြီးတွေထဲမှာပဲ ‘မော့တော့ မော့တော့’ နဲ့ ပတ်ပြေးကျင့်နေကြသတဲ့ကွ”
“အပြေးကျင့်တာပဲကွာ ‘မော့တော့ မော့ေတာ့’ လုပ်စရာလား”
“မော့ရတာပေါ့ဟ . . အပြေးကျင့်နေတုန်း ‘ဗြုန်း ဗြုန်း ဗြုန်း’ ဆို ပြာလွင်လွင် ဝေဟင်ထဲကနေ ဝဲပျံကျလာမယ့် ကာမီကာဇေ ဒရုန်းဗုံး လှလှလေးတွေကိုလည်း မအလတွေ သေးထွက်အောင် ကြောက်ကြတာဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အားလုံး ပေါ့ပေါ့ပါးပါး ရယ်နေကြချိန်မှာ အဘစိမ်းမောင်ကား မျက်နှာကြီး ရှစ်ခေါက်ချိုးနှင့် တင်းနေပါလေ၏။ “အာဏာရှင်တွေဟာ နောက်ဆုံးမှာ ခွေးပြေး ဝက်ပြေး ပြေးရတာချည်းပဲ မဟုတ်လား စိမ်းမောင်ရ” ဟု ပြောလေရာ “ငါ အဲဒါတွေ စိတ်မဝင်စားဘူး” ဟု ဘုတောပါလေ၏။
“ဆက်ဒမ်ဟူစိန်လည်း ပြေးရတာပဲ၊ ကဒါဖီလည်း ပြေးရတာပဲကွာ . . . ယူတတ်ရင် သင်ခန်းစာတွေပေါ့ဟ”
“ကဒါဖီဆို ပြေးပေါက်မှားပြီး လမ်းမပေါ်မှာတင် ပြည်သူလူထု အဖမ်းကိုခံရပြီး တယောက်တချက် အကြွေးခံလိုက်ရလို့ မိနစ်ပိုင်းအတွင်း သေခဲ့ပါရောလား”
“ဟုတ်တယ်မူးသာ . . . ဆက်ဒမ်ဟူစိန်ကြီးလည်း ပြေးပေါက်မှားပြီး မြောင်းထဲဆင်းပုန်းနေရင်း လက်ရအဖမ်းခံရပြီး တရားစွဲခံရ၊ သူကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စစ်ဆေးခံရပြီး နောက်ဆုံးမတော့ ကြိုးပေးခံရလို့ သေခဲ့တာပဲမဟုတ်လား စိမ်းမောင်”
“အဲဒါ သူတို့နိုင်ငံ သူတို့ကိစ္စ၊ ငါတို့နဲ့ ဘာဆိုင်လဲ လှဘူးရ”
“ဒီမယ်စိမ်းမောင် . . . ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာပဲ အာဏာရှင်ပေါ်ပေါ် တကမ္ဘာလုံးနဲ့ဆိုင်တယ် ဟကောင်ရ”
“ဘယ်လိုဆိုင်တာလဲ”
“အခုပဲကြည့်လေကွာ . . . မအလလို အာဏာရူး ပေါ်လာတဲ့အခါ ဘာမှမဆိုင်ဘူးထင်ရတဲ့ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့လို၊ တရုတ်နိုင်ငံတွေတောင်မှ ‘အပူဟပ်’ ခံနေရတာ မင်းအမြင်ပဲ”
“အဲ . . . . . .”
“အိမ်နီးချင်းတွေတောင်မှ အာဏာရူးအုပ်စုရဲ့ အပူဒဏ်ကို အဟပ်ခံရသေးရင် အဲသည်အာဏာရူးရဲ့ နိုင်ငံထဲက ပြည်သူလူထုဟာ ဘယ်လောက်များ လောင်မြိုက်ခံနေရမလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ကွာ”
“အမ် . . . . .”
“ဒီတော့ ဒီမအေရိုးတွေလည်း တပ်ပြုတ်ပြီး မြန်မြန်ပြေးမှပဲ နိုင်ငံသားတွေလည်း အေးအေးချမ်းချမ်းဘဝတွေ ပြန်ပြီးတည်ဆောက်နိုင်ကြတော့မယ်”
“အေးကွ လှဘူးရ . . . ပြေးရဖို့တော့ အတော်ကို နီးကပ်နေပြီကွ၊ ဒါပေမဲ့လို့ ဒင်းတို့ပြေးဖို့မှ လေယာဉ်ပျံတွေဘာတွေ ကျန်ပါဦးမလားဟ”
“အေးဟ . . . ဒါလည်းဟုတ်တာပဲ၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဗျင်းခံရမှုတွေနဲ့ ဒင်းတို့လေယာဉ်တွေတောင်မှ ကုန်တော့မယ့်ဥစ္စာ”
“ဝေဟင်က ပြေးလို့မရလည်း မြေပြင်ကပဲ ပြေးကြမှာပေါ့ကွာ”
“အေး အေး . . . ပြေးမယ်ဆိုရင်တော့ လွတ်အောင်သာ ပြေး၊ ပြေးပေါက်မှားပြီး လူထုကြားထဲ ရောက်သွားလို့ကတော့ ကဒါဖီထက်ဆိုးသွားမယ်”
“အဲသည်လိုမျိုးသာ လက်ရဖမ်းမိရင် ငါ့သဘောကတော့ တုတ် ဓား လက်နက်တွေနဲ့ တယောက်တချက် ဝိုင်းမနှက်စေ့ချင်ဘူး”
“ဘယ်လို ဘယ်လို”
“အရှင်ဖမ်းပြီးရင် ဓာတ်တိုင်မှာ ကြိုးတုပ်ထားမယ်”
“ပြီးရင် ဘာလုပ်မှာလဲဟ”
“တံတွေးနဲ့ ဝိုင်းထွေးကြမယ်ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”