ဘာစီလိုနာနည်းပြ ဇာဗီဟာ ရာသီအကုန်မှာ အသင်းကနေထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသွားတော့မယ်လို့ သိရပါတယ်။
ဇာဗီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းက ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ရင်တောင် အသင်းကနေ ထွက်ခွါသွားတော့မှာဖြစ်ကြောင်း မီဒီယာတွေကို လူသိရှင်ကြား ပြောခဲ့တာပါ။
လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး လာမဲ့ရာသီအတွက် အသင်းရဲ့စီမံကိန်းအသစ်ကို နည်းပြဇာဗီက သဘောကျခဲ့တာကြောင့် အသင်းမှာဆက်ရှိဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အသင်းအတွင်းပြဿနာတွေအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ကြောင့် အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမူတွေလုပ်ဆောင်ရာမှာ ကန့်သတ်မူ တွေရှိခဲ့ပြီး နည်းပြဇာဗီက အသင်းကနေ ထွက်ခွာဖို့ စီစဉ်ခဲ့တာပါ။
ဇာဗီဟာ အသင်းနဲ့ ၂၀၂၅ ဇွန်လ အထိစာချုပ်သက်တမ်းရှိနေသေးတာဖြစ်ပါတယ်။
Photo - Reuters