ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ သြစတြေးလျအစိုးရနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ သြစတြေးလျလုံခြုံရေး ထောက်လှမ်းရေးအဖွဲ့ (ASIO) ညွှန်ကြားရေးမှူးချုပ် မိုက်ခ် ဘားဂက်စ်က ဧပြီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးအတွက် နည်းပညာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမျိုးသား စာနယ်ဇင်း ကလပ်မှာ ခုလို ပြောခဲ့တာဖြစ်ပြီး နည်းပညာဟာ တရားဥပဒေစိုးမိုးရေးရဲ့ အထက်မှာ မရှိဘူးလို့ ညွှန်ကြားရေးမှူးချုပ် မိုက်ခ် ဘားဂက်စ်က ပြောပါတယ်။
အရင်က တွစ်တာလို့ သိကြပြီး အခု X အဖြစ် ဆက်သုံးနေကြတဲ့ လူမှုကွန်ရက်မီဒီယာရဲ့ပိုင်ရှင် သူဌေးကီး အီလွန်မက်စ်ခ်နဲ့ သြစတြေးလျခေါင်းဆောင်တွေကြား ပဋိပက္ခပိုမို နက်ရှိုင်းလာနေ ပါတယ်။
အစောပိုင်းတပတ်က ခရစ်ယာန် ဘုန်းတော်ကြီး တပါးကို ဓားနဲ့ တိုက်ခိုက်နေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ်မှာ ပြတာကို ယာယီရပ်တန့်ဖို့ သြစတြေးလျ ပြည်ထောင်စုတရားရုံးက မက်စ်ခ်ရဲ့ လူမှုကွန်ရက် X ကို ပြောခဲ့ပါတယ်။ အဲဒီ နောက်မှာ ဘားဂက်စ်ရဲ့ မှတ်ချက် ပေါ်ပေါက် လာခဲ့တာပါ။
X နဲ့ မက်စ်ခ်တို့ဟာ သြစတြေးလျ နိုင်ငံသားတွေအတွက် အဲဒီဗီဒီယိုကို ပိတ်ဆို့ခြင်းအားဖြင့် ယာယီဖြုတ်ချဖို့ အမိန့်ကို လိုက်နာခဲ့ကြပေမဲ့ အယူခံဝင် သွားမယ်လို့ ပြောပါတယ်။
ဒီဗီဒီယိုဖိုင်ကို သြစတြေးလျနိုင်ငံအတွင်း X လူမှုကွန်ရက်ပေါ်မှာ ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ကြရ ပါတယ်။
Source/Photo - Reuters