ဂျပန်ယန်းငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေတန်ဖိုးတွေနဲ့ ယှဉ်ရင် ဧပြီ ၂၄ ရက်မှာ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အခုသီတင်းပတ်မှာ ကျင်းပမယ့် ဂျပန်ဗဟိုဘဏ်ရဲ့ မူဝါဒဆိုင်ရာ အစည်းအဝေးမတိုင်မီ ဖြစ်နိုင်ခြေရှိတဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေအတွက် သတိပေးထားပါတယ်။
ဒေါ်လာစျေးဟာ ၃၄ နှစ်ကြာ ကာလအတွင်း အထွတ်အထိပ်ဆီ ရောက်လာပြီး ဂျပန်ယန်းငွေနဲ့ နှိုင်းယှဉ်ရင် တဒေါ်လာကို ၁၅၄ ဒသမ ၈၈ ယန်းအထိ မြင့်တက်လာတာပါ။
ကြားဝင်စွက်ဖက်ဖို့ အလားအလာအပေါ် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှုနိချိ ဆူဇူကီးက အင်္ဂါနေ့အစောပိုင်းမှာ အပြင်းထန်ဆုံး သတိပေးခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေနဲ့ တွေ့ဆုံရာမှာ ယန်းငွေအတွက် အလွန်အကျွံ အရေးယူဆောင်ရွက်တာကို ဆန့်ကျင်တဲ့လုပ်ရပ်ဟာ ဂျပန်အစိုးရအတွက် အခြေခံအုတ်မြစ်ချတာလို့ ပြောခဲ့ပါတယ်။
ဂျပန်အစိုးရဟာ ဧပြီ ၂၅ ရက်မှာ စတင်မယ့် ဂျပန်ဗဟိုဘဏ်ရဲ့ ၂ ရက်ကြာ မူဝါဒအစည်းအဝေးနဲ့ အင်မတန် နီးနီးကပ်ကပ် အရေးယူ ဆောင်ရွက်မလားဆိုတဲ့ အချက်ကိုလည်း သံသယရှိနေကြပါတယ်။
Source/Photo-Reuters