Home
နိုင်ငံတကာ
ထိုင်းလူငယ် ၆၀ ရာခိုင်နှုန်းကျော် စိတ်ကျန်းမာရေးပြဿနာရှိနေ 
DVB
·
April 24, 2024
thai world 2442024

ထိုင်းလူငယ် ၆၀ ရာခိုင်နှုန်းကျော်လောက်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနေပြီး ၄၃ ဒသမ ၆ ရာခိုင်နှုန်းလောက်ကတော့ မိမိကိုယ်ကိုယ်သတ်သေနိုင်ခြေ မြင့်မားနေတာကို တွေ့ရှိရတယ်လို့ ထိုင်းစိတ်ကျန်းမာရေးဌာနက ပြောလိုက်ပါတယ်။

ဒီတွေ့ရှိချက်ကတော့ ထိုင်းစိတ်ကျန်းမာရေးဌာနရဲ့ နှစ်သိမ့်ဆွေးနွေးပညာပေး အွန်လိုင်း ပလက်ဖောင်းတခုဖြစ်တဲ့ “Mental Health Check In” မှာ အသုံးပြုကြသူ ၁,၂၀၀ ကျော်ရဲ့ အချက်အလက်စုဆောင်း ကောက်ယူမှုတွေကတဆင့် တွက်ထုတ်ယူထားတာ ဖြစ်ပါတယ်။

အဆိုပါ ပလက်ဖောင်းကိုတော့ အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၁၅ နှစ်ကနေ ၂၅ နှစ် ကြား လူငယ်တွေကို အခမဲ့ အကြံဉာဏ်ပေး တိုင်ပင်ဆွေးနွေးပေးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ရရှိခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အဆိုပါ ပလက်ဖောင်းကို အသုံးပြုသူတွေရဲ့  ၅၈ ဒသမ ၂ ရာခိုင်နှုန်းလောက်ဟာ ပြင်းထန်တဲ့ ဖိ အားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ထိုင်းစိတ်ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပေါင်ကဆင်မ် ခိုင်မွတ်က အခမဲ့အွန်လိုင်း တိုင်ပင်ဆွေးနွေးမှုတွေကို ကမ်းလှမ်းတာက ပြဿနာတွေကို စောစီးစွာ ရှာဖွေဖော်ထုတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီးတော့ ဒါဟာ ပြင်းထန်တဲ့ စိတ်ကျန်းမာ ရေးပြဿနာတွေကို ထိရောက်စွာ ကြိုတင်ကာကွယ်ဖို့၊ ကုသဖို့ စတာတွေကို အထောက် အကူပြုမှာဖြစ်တယ်လို့ ပြောပါတယ်။

"ကြီးပြင်းလာဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး၊ ဒါပေမဲ့ မင်းတယောက်တည်း ရင်ဆိုင်ဖို့ မလိုဘူး" ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ လည်ပတ်နေတဲ့ စိတ်ကျန်းမာရေးအ ထောက်အကူပြု အွန်လိုင်းပလက်ဖောင်းအနေနဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေ၊ စိတ်ပညာရှင်တွေ၊ အကြံပေးစိတ်ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်း တွေဆီက စိတ်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေကို ဝန်ဆောင်မှုပေးနေတာအပြင် လိုအပ်တဲ့ လူငယ်တွေအတွက် ဆွေးနွေးပွဲမှုတွေလည်း များစွာ ရရှိနိုင်တယ်လို့ ဆိုပါ တယ်။

“Mental Health Check In” ပလက်ဖောင်းကိုတော့ ထိုင်းစိတ်ကျန်းမာရေးဌာနက Ooca မိုဘိုင်းအက်ပလီကေးရှင်းနဲ့ အမျိုးသားကျန်းမာရေးလုံခြုံရေးရုံးတို့နဲ့ ပူးပေါင်းကာ Wall of Sharing အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလကုန်အထိ အသုံးပြုသူပေါင်း ၂,၅၀၀ လောက်အထိ ရှိလာမယ် လို့ မျှော်လင့်ထားပြီး အသုံးပြုလိုသူတွေဟာ Occa  မိုဘိုင်းအက်ပလီကေးရှင်းကနေတ ဆင့် ဒေါင်းလုတ်ရယူနိုင်မယ်လို့ ဆိုပါတယ်။

Source: Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013