စပိန်နည်းပြ အူနိုင်းအမ်မရီဟာ အက်စတန်ဗီလာနဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီခဲ့ ပါတယ်။
အမ်မရီဟာအသင်းနဲ့ ၃ နှစ်ခွဲစာချုပ်ချုပ်ဆိုထားပြီး နောက်ထပ်တနှစ်သက်တမ်း တိုးမယ့် သဘောတူညီမှုဟာလည်း စတင်အသက်ဝင်ခဲ့တာပါ။
နည်းပြအမ်မရီဟာ ၂၀၂၂ ခုနှစ်က နည်းပြဂျရတ် လက်ထက်မှာ တန်းမဆင်းရ ဖို့ရုန်းကန်နေရတဲ့အသင်းကနေ ဥရောပပြိုင်ပွဲကစားခွင့်ရတဲ့အသင်းဖြစ် လာအောင် ဦးဆောင်ပေးခဲ့သူပါ။
အမ်မရီကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အပါအဝင် တခြားကလပ် အသင်းတွေကလည်း စိတ်ဝင်စားမှု ပြသခဲ့ပေမဲ့ ဗီလာအသင်းမှာပဲဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘိုင်ယန်အသင်းဘက်ကတော့ အမ်မရီနဲ့ အဆင်မပြေခဲ့တာကြောင့် မန်ယူနည်းပြဟောင်း ရက်ဖ်ရင်းနစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။
နည်းပြ အမ်မရီဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ဗီလာကို အဆင့်လေးနေရာမှာရပ်တည်နိုင်အောင် ဦးဆောင်ထားပြီး ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေပါတယ်။
Photo - Reuters