လန်ဒန်မာရသွန်အပြေးပွဲမှာ အိုလံပစ်ချန်ပီယံ ပီရက်ဇ် ဂျက်ပ်ချာချာဟာ ၂ နာရီ ၁၆ မိနစ် ၁၆ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး အမျိုးသမီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
လန်ဒန်မာရသွန်မှာ ထူးခြားချက်ကတော့ ၂၀၁၇ တုန်းက မေရီကိတ်တနီ တင်ထားတဲ့ ၂ နာရီ ၁၇ မိနစ် ၁ စက္ကန့် ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ငံတဲ့သူ စုစုပေါင်း ၄ ဦးတောင် ရှိခဲ့တာ ဖြစ်ပါတယ်။
အီသီယိုးပီးယားက ၂ ဦးနဲ့ ကင်ညာက ဂျက်ပ်ချာချာ အပါအဝင် ၂ ဦး စုစုပေါင်း ၄ ဦးဟာ ၂ နာရီ ၁၆ မိနစ်ကျော်စီနဲ့ စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။
အမျိုးသားဘက်မှာတော့ ကင်ညာက မူတီဆိုမူညာရိုက ၂ နာရီ ၄ မိနစ် ၁ စက္ကန့်နဲ့ ဗိုလ်စွဲခဲ့ပေမဲ့ စံချိန်ချိုးနိုင်ခဲ့တာမျိုး မရှိပါဘူး။
“ဒီအောင်ပွဲအတွက် အရမ်းပျော်ပါတယ်။ ကမ္ဘာ့စံချိန်တင်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒီစံချိန်ဟာ ကျိုးတော့မှာဆိုတာ သိပေမဲ့ ကျမက ချိုးနိုင်မှာလို့ မမျှော်လင့်ခဲ့ပါဘူး” လို့ ဂျက်ပ်ချာချာက ပြောပါတယ်။
Source/Photo-Reuters