Home
နိုင်ငံတကာ
ယူကရိန်းကို အမေရိကန် ထောက်ပံ့မည့်အပေါ် ရုရှား ဝေဖန်
DVB
·
April 22, 2024
RussiaSay_22042024

အမေရိကန်က ယူကရိန်းအတွက် အကူအညီ ဒေါ်လာ ၆၀ ဒသမ ၈၄ ဘီလီယံကျော် ထောက်ပံ့ပေးဖို့ စီစဉ်တာဟာ မော်စကိုနဲ့ Hybrid war စစ်ပွဲထဲကို နစ်သည်ထက် နစ်လာတာကို ဖော်ပြနေတာဖြစ်ပြီး နောက်ဆုံးမှာ ဗီယက်နမ်နဲ့ အာဖဂန်နစ္စတန်မှာလိုပဲ အရှက်တကွဲ အကျိုးနည်း ဖြစ်လိမ့်မယ်လို့ ရုရှားက ပြောလိုက်ပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော်ပြီး နောက်ပိုင်းမှာ ရုရှားနဲ့ အနောက်ကမ္ဘာဆက်ဆံရေးဟာ ၁၉၆၂ ကျူးဘားဒုံးပျံအရေးအခင်းနောက်ပိုင်း အတင်းမာဆုံး အခြေအနေ ရောက်ရှိလာခဲ့ပါတယ်။

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်အတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ပေးအပ်မယ့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ စနေနေ့မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အဲဒီအထဲမှာ ယူကရိန်းအတွက်တင် ဒေါ်လာ ၆၀ ဘီလီယံကျော် ပါရှိတာဖြစ်ပြီး လက်ယာစွန်း ရီပတ်ဘလစ်ကန်တချို့က ကန့်ကွက်ခဲ့ကြပေမဲ့ ဒီမိုကရက်အားလုံးနဲ့ ရီပတ်ဘလစ်ကန် ထက်ဝက်လောက် ထောက်ခံမှုနဲ့ အတည်ဖြစ်ခဲ့တာပါ။

ယူကရိန်းသား တယောက်တည်းကျန်တဲ့အထိ ခံချအောင် အမေရိကန်က မြှောက်ပေးနေတာ ထင်ရှားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရိယာ ဇာခါရိုဗာက ပြောပါတယ်။

“ဝါရှင်တန်က ရုရှားနဲ့ hybrid war ထဲကို နစ်သည်ထက် နစ်လာပြီး ဗီယက်နမ်တို့ အာဖဂန်နစ္စတန်တို့မှာ ဖြစ်သလိုမျိုး အမေရိကန်အတွက် လူသိရှင်ကြား အရှက်တကွဲ ရှုံးနိမ့်မှုကြီး ဖြစ်လာတော့မှာပါ” လို့ ဇာခါရိုဗာက ဝေဖန်ပါတယ်။

Source/Photo - REUTERS/Maxim Shemetov

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013