Home
နိုင်ငံတကာ
ပြင်သစ်တွင် လူမျိုးရေးခွဲခြားမှုနှင့် အစ္စလာမ်မုန်းတီးရေးတို့ကို ဆန့်ကျင်ဆန္ဒပြ
DVB
·
April 22, 2024
FranceProtest_22042024

လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်မုန်းတီးရေးတို့ကို ဆန့်ကျင်ပြီး ဂါဇာကမ်းမြောင်ဒေသကို ထောက်ခံတဲ့အနေနဲ့ ပြင်သစ်မြို့တော် ပါရီမှာ ဧပြီ ၂၁ ရက်က ဆန္ဒပြသူ အယောက် ၁,၀၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ပွဲအတွင်း အကြမ်းဖက်မှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကြေညာချက်တွေ ပေါ်ပေါက်လာမှာ စိုးရိမ်တယ်လို့ ပြောဆိုရင်း ပါရီရဲတပ်ဖွဲ့က ချီတက်ဆန္ဒပြပွဲကို တားမြစ်ခဲ့ပါတယ်။

အဲဒီနောက် တားမြစ်ပိတ်ပင်ချက်ဟာ လွတ်လပ်စွာ ချီတက်ဆန္ဒပြခွင့်ကို ပြင်းထန်ပြီး ထင်သာမြင်သာ တရားမဝင် ချိုးဖောက်မှုလို့ မှတ်ယူရင်း ဆိုင်းငံ့ထားဖို့ ပါရီအုပ်ချုပ်ရေး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အဖွဲ့အစည်း ၅၁ ဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသက ကလေးသူငယ်တွေရဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြနေချိန်မှာ “ရဲ၊ တရားစီရင်ရေးနဲ့ ထောင်တွင်းရာဇဝတ်မှုတွေ အားလုံးရဲ့ ဒဏ်ကို ခံစားခဲ့ရတဲ့ ငယ်ရွယ်သူအားလုံးကို အမှတ်ရစေဖို့ ဒီဆန္ဒပြပွဲက ရည်စူးထားတယ်” လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ ထက်ဝက်လောက်က ကလေးငယ်တွေဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ပါရီမြို့နားက နွိုက်စီလယ်ဇက်မှာ ၂၀၁၂ ဧပြီ ၂၂ ရက်က ရဲအရာရှိတဦးက  နောက်ကျောကို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ် အာမင်း ဘန်တွန်စီကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆန္ဒပြပွဲ ကျင်းပမယ့်နေ့ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024