ချဲလ်ဆီးနောက်ခံလူ သီယာဂိုးဆေးလ်ဗားဟာ ရာသီကုန်ဆုံးချိန်မှာ မွေးရပ်မြေ ဘရာဇီးလိဂ်ဆီ ပြန်လည်ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်နောက်ခံလူဟာ မန်စီးတီးကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ပရိသတ်တွေကို မျက်ရည်ကျရင်းကနေ နှုတ်ဆက်ခဲ့ပါတယ်။
ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆေးလ်ဗားဟာ ပွဲအပြီး အင်တာဗျူးမှာတော့ အနာဂတ်နဲ့ပတ်သက်လို့ မကြာခင် ဆုံးဖြတ်ချက်ချမှတ်မှာဖြစ်ပြီး တခြားကိစ္စတွေကို ပြောပြဖို့ ဆန္ဒမရှိကြောင်း ပြောခဲ့တာပါ။
ဆေးလ်ဗားဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ချဲလ်ဆီးနဲ့ ၄ နှစ်တာကာလအတွင်းမှာ စုစုပေါင်း ပွဲ ၁၅၀ ခန့် ကစားပေးခဲ့ပါတယ်။
သူဟာ ကစားသမားဘဝကို ဘရာဇီးကလပ် ဖလူမင်းနိစ်အသင်းမှာ စတင်ခဲ့သူဖြစ်ပြီး အခုနှစ် ရာသီအကုန်မှာ မွေးရပ်မြေကလပ်ဆီ ပြန်လည်ကစားဖို့ ရှိပါတယ်။
Photo-Reuters