တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ အဓိကမြစ်တွေ၊ ရေလမ်းတွေနဲ့ ရေလှောင်ကန်တွေမှာ ရေကြီးရေလျှံခဲ့ပြီး မြေပြိုခဲ့ပါတယ်။
ဒါကြောင့် လူပေါင်း ၁၂၇ သန်းကျော်ကို ကာကွယ်ဖို့ အစိုးရက အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေကို တွန်းအားပေး ဆောင်ရွက်ခဲ့ရပါတယ်။
ချင်းယွမ်ဒေသနားမှာ ရွာတွေနဲ့ လယ်မြေတွေ ရေနစ်မြုပ်နေပြီး ရှောင်ဂွမ်းဒေသထဲက ရွာတွေမှာလည်း မြေပြိုခဲ့တာကို CCTV ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်မှု ဗဟိုဌာနတခုဖြစ်တဲ့ ကွမ်တုံပြည်နယ်မှာ ရက်အတော်ကြာ မိုးရွာပြီး လေပြင်းတိုက်ခတ်တာတွေကို မြင်တွေ့ခဲ့ရတာပါ။
ဒီရာသီဥတု ပုံစံဟာ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ တနင်္လာနေ့အထိ ကွမ်းရှီး၊ ကွမ်တုံ၊ ဖှုကျန်းနဲ့ ကျဲ့ကျန်းပြည်နယ်တွေမှာ မိုးသည်းမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက မျှော်လင့်ထားပါတယ်။
Source/Photo - Reuters