တေလာဆွစ်ဖ်ရဲ့ The Tortured Poets Department အယ်လ်ဘမ်သစ်ဟာ Spotify မှာ တရက်အတွင်း ပရိသတ် နားဆင်မှုအများဆုံးအဖြစ် စံချိန်တင်လိုက်ပါတယ်။
တရက်တည်းမှာ နားထောင်သူအများဆုံး အဆိုတော်အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဆွစ်ဖ်တီးစ်လို့ ခေါ်တဲ့ တေလာဆွစ်ဖ် ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အယ်လ်ဘမ်သစ်ဟာ ဒက်ဘဲလ် အယ်လ်ဘမ်အဖြစ် ဧပြီ ၁၉ ရက်က ထွက်ရှိလာတာ ဖြစ်ပါတယ်။
သီချင်း ၁၆ ပုဒ်ပါတဲ့ ပထမပိုင်းထွက်ပြီးလို့ နှစ်နာရီအကြာမှာ နောက်ထပ် ၁၅ ပုဒ် ထပ်ထွက်တဲ့အတွက် အားလုံး အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
ဒီအယ်လ်ဘမ်ဟာ ဖြစ်စဉ်တွေ၊ အမြင်တွေ၊ ထွက်ပြေးခဲ့ရ၊ ကံစေစားရာခံခဲ့ရတဲ့ အချိန်တွေအပေါ် ခံစားချက်တွေ၊ သည်းထိတ်ရင်ဖိုဖြစ်ခဲ့ရသလို ကြေကွဲခဲ့ရတဲ့ အခိုက်အတန့်တွေအကြောင်း ရေးစပ်သီကုံးထားတာလို့ ဆွစ်ဖ်က ဆိုပါတယ်။
သူ့ဘဝမှာ အဲဒီကာလကို ကျော်လွန်သွားခဲ့ပြီလို့လည်း ဆွစ်ဖ်က ဆိုပါတယ်။ ဒီဇာတ်လမ်းတွေက တခန်းရပ်ခဲ့ပြီ ဖြစ်တာကြောင့် လက်စားချေစရာလည်း အကြောင်းမရှိတော့သလို၊ ဒဏ်ရာတွေက ကျက်ခဲ့ပြီဖြစ်တာကြောင့် ဖြေရှင်းစရာလည်း မရှိတော့ဘူးလို့ ဆွစ်ဖ်က ပြောထားပါတယ်။
ကြေကွဲစရာအကောင်းဆုံး ဇာတ်လမ်းကို ဖွင့်ဟပြောခဲ့အပြီးမှာ အဲဒီအရာကနေ လွတ်မြောက်သွားပြီလို့လည်း ဆွစ်ဖ်က ပြောခဲ့ပါတယ်။
ဒီအယ်လ်ဘမ်ဟာ ဆွစ်ဖ်ရဲ့ ၁၁ ခုမြောက် စတူဒီယိုအယ်လ်ဘမ် ဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ ဂရမ်မီဆုပေးပွဲတွေမှာ တနှစ်တာ အကောင်းဆုံး တေးလ်အယ်လ်ဘမ်ဆုကို လေးကြိမ်တိတိ ရရှိဖူးတဲ့ တဦးတည်းသောအဆိုတော် ဖြစ်ပါတယ်။
ဆွစ်ဖ်ဟာ အခုလ အစောပိုင်းမှာ ပိုင်ဆိုင်မှုအရပ်ရပ်အရ ဘီလျံနာဖြစ်ပြီလို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
Source/Photo - REUTERS/Kim Kyung-Hoon